Healthy Life Ad
Men

ဆီးကျိတ်ရောင်ပြီး ဆီးသွားရအခက်အခဲဖြစ်နေလို့ပါ

မေး. ဦးဇင်း အသက်၄၄နှစ်ရှိပါပြီ။ ဆီးကျိတ်ရောင်ပြီး ဆီးသွားရတာ အခက်အခဲဖြစ်နေပါတယ်။ အပြင်အထူးကုနဲ့လည်းပြသဖို့ ငွေမတတ်နိုင်ပါသဖြင့် သင့်တော်တဲ့ ဆေးနာမည်တွေရှိရင် ပြောပြပေးပါ။
Ashin Sanda Wuntha (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အသက် ၄၀အရွယ် ဆီးကျိတ်ရောင်ပြီး ဆီးသွားရတာ အခက်အခဲဖြစ်နေတယ်ဆိုရင် အမျိုးသားတွေမှာ ဆီးကျိတ်နဲ့ ပတ်သက်ပြီး အဓိကဖြစ်တတ်တာ သုံးခုရှိတယ်။

(၁) ဆီးကျိတ်ထဲပိုးဝင်ရောင်ရမ်းခြင်း၊

(၂) ရိုးရိုးဆီးကျိတ်ကြီးခြင်း၊

(၃) ဆီးကျိတ်ကင်ဆာကြောင့် ရောင်ရမ်းခြင်း ဆိုပြီး သုံးမျိုးရှိပေမယ့် အခုက ဆီးကျိတ်ထဲ ပိုးဝင်ရောင်ရမ်းမှုဖြစ်ဖို့ များပါတယ်။ အသက် ၅၀ကျော်မှပဲ တခြားနှစ်မျိုး ဖြစ်နိုင်ခြေများပါတယ်။ ဘာဖြစ်တာလဲဆို တာ သေချာအောင် ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုအပ်ပါတယ်။

ပိုးဝင်တဲ့ လက္ခဏာတွေရှိရင်တော့ ပဋိဇီဝပိုးသတ်ဆေးကို သုံးစွဲဖို့လိုအပ်နိုင်ပါတယ်။ ဒါကတော့ ဆရာဝန်ကိုယ်တိုင်ညွှန်ကြားမှ သောက်ရမယ့်ဆေးဖြစ်ပါတယ်။ ဒါကြောင့် နီးစပ်ရာ ကျန်းမာရေးဌာနနဲ့ ပြည်သူ့ဆေးရုံတွေမှာသွားရောက်ပြီး အခမဲ့ တိုင်ပင်ပြသနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top