Healthy Life Ad
Health Tips

အမျှင်ဓာတ်ပါသော အစားအသောက်

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

Q. အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေက ဘာတွေလဲ၊ အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေ စားရင် ဘယ်လို ကျန်းမာရေးကောင်းကျိုးတွေကို ရရှိနိုင်ပါသလဲ။

A. အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေကို လူတိုင်း စားသင့်ပါတယ်။ ခန္ဓာကိုယ်မှာ တစ်နေ့ကို အမျှင်ဓာတ် ၂၅ မီလီဂရမ် လိုအပ်ပါတယ်။ အသီးအရွက်၊ အသီးအနှံ၊ သစ်သီးဝလံတွေမှာဆိုရင် အမျှင်ဓာတ်များများ ပါဝင်ပါတယ်။ လူတိုင်း လူတိုင်းက တစ်နေ့မှာ လိုအပ်တဲ့ အမျှင်ဓာတ်ကို ပြည့်မီအောင် စားပေးမယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးကို ရရှိစေပါတယ်။

(၁) အမျှင်ဓာတ်များများစားရင် ဆီးချိုမတက်အောင် ကာကွယ်ပေးတယ်၊ ဆီးချိုရောဂါရှိရင် ဆီးချိုကို ထိန်းပေးတယ်။

(၂) အမျှင်ဓာတ်တချို့က အူနဲ့ အူလမ်းကြောင်းကို ကျန်းမာစေပြီး ဝမ်းတွေကို အမြန်ဆုံး ဆွဲထုတ်ပေးတဲ့ အတွက် ဝမ်းမှန်မှန်သွားစေပါတယ်။

(၃) အသားများများစားတဲ့သူက အစာအိမ်အူလမ်း ကြောင်းတစ်လျှောက်မှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေ အကြာကြီးအောင်းနေတတ်ပါတယ်။ ဒီလိုလူ တွေမှာ အသားစားသလိုပဲ အရွက်ကို များများစားပေး တယ်ဆိုရင် အဲဒီကင်ဆာဖြစ်စေတဲ့ဓာတ်တွေကိုပါ အပြင်ဘက်ကို မစင်နဲ့အတူ ဆွဲထုတ်သွားပါတယ်။ ဒီလိုနည်းအားဖြင့် အမျှင်ဓာတ်များများပါတဲ့ အစာစားရင်ကင်ဆာရောဂါကို ကာကွယ်တယ်လို့ ပြောလို့ ရပါတယ်။

အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေက တော့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အုတ်ဂျုံကွေကာ (Cereal)၊ ကောက်ပဲသီးနှံစတာတွေ ဖြစ်ပါတယ်။ ဒါတွေက ဗိုက်လည်းပြည့်စေတယ်၊ အဆီကိုလည်း အများကြီး မတက်စေဘူး၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။ ဒါကြောင့် အမျှင်ဓာတ်များများ ပါတဲ့ အစားအသောက်တွေကို များများစားပေးစေ ချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top