Healthy Life Ad
Health Tips

ကခြင်းကြောင့် ရရှိနိုင်သည့် ကျန်းမာရေးစွမ်းပကား ၉ ရပ်

၊ လရိပ်မေ ၊

ကမ္ဘာ့နေရာအနှံ့မှာ ကခုန်တာကို ပြုလုပ်လေ့ရှိကြပြီး တန်ဂို၊ ဟစ်ဟော့ပ်အက၊ ဗိုက်လှုပ်အက စသဖြင့် ကနည်းမျိုးစုံရှိပါတယ်။ ကခုန်တဲ့အခါမှာ ခန္ဓာကိုယ်ကို လှုပ်ရမ်းလိုက်ရုံနဲ့ပြီးမသွားဘဲ ကျန်းမာရေးကောင်းကျိုးအများကြီးကို ရရှိစေပါတယ်။

– စိတ်ဖိစီးမှု လျော့ကျစေခြင်း

တေးဂီတသံစဉ်နဲ့အတူ စည်းချက်ညီညီ ကခုန်တာကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

– စိတ်ကျရောဂါလက္ခဏာ လျော့ကျစေခြင်း

စိတ်ဓာတ်ကျနေသူတွေမှာတောင် တီးလုံးနဲ့အတူ ကခုန်ပေးရင် စိတ်ကျရောဂါလက္ခဏာတွေ သိသိသာသာ လျော့ပါးသွားပါတယ်။

– ကိုယ်နေဟန် ပျော့ပျောင်းခြင်း

ကခုန်တာက ကြွက်သားနဲ့ အရိုးတွေအတွက် ကောင်းကျိုးရှိပါတယ်။ အစာကြေစေပြီး တစ်ကိုယ်လုံး ပျော့ပျောင်းသန်စွမ်းစေပါတယ်။

– မှတ်ဉာဏ်ကောင်းမွန်ခြင်း

ကခုန်တာကြောင့် စိတ်ခံစားမှုကောင်းစေပြီး မှတ်ဉာဏ်နဲ့ဆက်စပ်နေတဲ့ ဦးနှောက်အစိတ်အပိုင်းကို လှုံ့ဆော်ပေးပါတယ်။ ဦးနှောက်အာရုံကြော ယိုယွင်းမှုဆိုင်ရာ ရောဂါဝေဒနာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

– နှလုံးကျန်းမာခြင်း

ကခုန်တာကြောင့် နှလုံးခုန်နှုန်းမြန်စေပြီး နှလုံးသွေးကြောကျန်းမာစေပါတယ်။

– စွမ်းအင်တိုးခြင်း

ကခုန်တာကြောင့် စွမ်းအင်အဆင့်မြင့်တက်စေပြီး အရွယ်ရောက်သူနဲ့ အသက်ကြီးသူတွေမှာ ကိုယ်ကာယပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်စွမ်း မြင့်မားစေပါတယ်။

– လူမှုဆက်ဆံရေး ပြေပြစ်ခြင်း

ကခုန်တာက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေပြီး ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်တိုးစေပါတယ်။ ဒါ့အပြင် အကသင်တန်းတွေတက်ရင် အပေါင်းအသင်းတိုးစေပြီး လူမှုဆက်ဆံရေးကောင်းမွန်စေပါတယ်။

– ကိုယ်အလေးချိန် လျော့ကျခြင်း

ကခုန်တာက ကိုယ်လက်လှုပ်ရှားမှုလုပ်ဖြစ်စေတဲ့ နည်းလမ်းကောင်းတစ်ရပ်ပါ။ ပျင်းရိငြီးငွေ့စရာ မကောင်းဘဲလုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် ကခုန်တာကြောင့် အဆီပိုများသူတွေမှာ ကိုယ်အလေးချိန် ထိန်းပေးနိုင်ပါတယ်။

– ကိုယ်နေဟန် ကောင်းမွန်ခြင်း

ကခုန်တာကြောင့် အရွယ်ရောက်သူတွေသာမက အသက်ကြီးသူတွေမှာပါ ကိုယ်နေဟန်ကောင်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top