Healthy Life Ad
Life Style

ပါ့ခ်ရှင်ဟေး၏ ပင်ကိုအသားအရေ တောက်ပြောင်နေရခြင်း လျှို့ဝှက်ချက်ငါးရပ်

၊ လရိပ်မေ ၊

ကိုရီးယားမင်းသမီးလေး ပါ့ခ်ရှင်ဟေးဟာ သရုပ်ဆောင်ကောင်းတဲ့အတွက် ငယ်ရွယ်စဉ်ကတည်းက နာမည်ကျော်ကြား ရေပန်းစားခဲ့သူပါ။ မိတ်ကပ်လိမ်းတဲ့အခါ သူ့အသားအရေ သဘာဝကျကျ တောက်ပြောင်နေရတာက လျှို့ဝှက်ချက်ငါးရပ်ရှိပါသတဲ့။

(၁) အသားအရေ အမျိုးအစားကို သိနားလည်ခြင်း

ကိုယ့်အသားအရေအမျိုးအစား၊ ကိုယ်စားသောက်တဲ့ပုံစံနဲ့ ကိုယ်နေတဲ့ရာသီဥတု ပတ်ဝန်းကျင်ပေါ်မူတည်ပြီး မိတ်ကပ်နဲ့ အသားအရေထိန်းပစ္စည်းကို သုံးရပါမယ်။ ပါ့ခ်ရှင်ဟေးဟာ အသားအရေအမျိုးအစားနဲ့ ရာသီဥတု အခြေအနေပေါ်မူတည်ပြီး မိတ်ကပ်ပြောင်းလိမ်းတတ်သလို နေပူထဲမှာ တစ်နေ့လုံးနေပြီး အိမ်ပြန်ရောက်တဲ့အခါမှာ သဘာဝသစ်သီးဖျော်ရည် သောက်ပါတယ်။

(၂) နေရောင်ခြည်ကို ကာကွယ်ခြင်း

ဇာတ်လမ်းတွေထဲမှာ ပါ့ခ်ရှင်ဟေးရဲ့ အသားအရေနူးညံ့နေတယ်ဆိုတာ သင်တွေ့ရပါသလား။ ဒါက နေကာနိုင်စွမ်း SPF ပါတဲ့ နေကာခရင်မ်ကို နေ့တိုင်းလိမ်းလေ့ရှိတာကြောင့်ပါ။ ပြီးရင် ချွေးထွက်များတဲ့ရက်တွေမှာ ပြန်ပြီး တစ်ခါထပ်လိမ်းတတ်ပါတယ်။

(၃) နေ့တိုင်း အိုင်းရှဲဒိုးလိမ်းခြင်း

အိုင်းရှဲဒိုးလိမ်းတာက မျက်ဝန်းအလှကို ပိုပေါ်လွင်တောက်ပေစေတယ်လို့ ပါ့ခ်ရှင်ဟေးက ဆိုပါတယ်။ အသားအရေနဲ့ ဝတ်မယ့်ဝတ်စုံပေါ်မူတည်ပြီး အိုင်းရှဲဒိုးနဲ့ နှုတ်ခမ်းနီအရောင်ကို ရွေးချယ်လေ့ရှိပါတယ်။

(၄) ကိုယ်ပိုင်မျက်ခုံးပုံစံထားခြင်း

မျက်ခုံးဆိုတာ သင်မိတ်ကပ်ခြယ်သတာရဲ့ အဓိကအကျဆုံး ကိုယ်ပိုင်စတိုင်ပဲ ဖြစ်ပါတယ်။ မျက်နှာကို ပိုကြည့်ကောင်းအောင် ပုံဖော်နိုင်ပါတယ်။ ပါ့ခ်ရှင်ဟေးဟာ သူ့မျက်ခုံးကို ကိုယ်ပိုင်စတိုင်နဲ့ ထင်ရှားလှပအောင် ပုံဖော်ထားပါတယ်။

(၅) နှုတ်ခမ်းသား စိုလက်တင်းရင်းခြင်း

ပါ့ခ်ရှင်ဟေးရဲ့ နှုတ်ခမ်းကိုကြည့်လိုက်ရင် သဘာဝကျကျ ပန်းရောင်သမ်းတယ်လို့ပဲ ထင်ရပါတယ်။ နှုတ်ခမ်းသားကို ပျားရည်အဆီပါတဲ့ နှုတ်ခမ်းဆိုးဆေးအဆီလို တောက်ပတဲ့အဆီနဲ့ မကြာခဏ သုတ်လိမ်းပေးတတ်တယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top