Healthy Life Ad
Health Tips

စိတ်ဖိစီးမှု လျှော့ချနိုင်မည့် နည်းလမ်းကောင်းများ

၊ ငွေကြယ်စင်ယံ ၊

စိတ်ဖိစီးမှု လျှော့ချနိုင်ဖို့ရာအတွက် အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

– အိပ်ရေးဝ၀ အိပ်စက်ပါ။

– လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပါ။ တစ်နေ့ မိနစ် ၃၀ခန့် လမ်းလျှောက်တာကြောင့် စိတ်ခံစားမှုကောင်းမွန်ပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

– ကောင်းမွန်တဲ့လူမှုဆက်သွယ်ရေး ကွန်ယက်ကို တည်ဆောက်ပါ။

– ဦးစားပေးလုပ်ဆောင်ရမယ့်အရာတွေကို နားလည်လုပ်ဆောင်ပါ။ ဘယ်အရာကမြန် မြန်ပြီးရမယ်၊ ဘယ်အရာက စောင့်နိုင်တယ်ဆိုတာ ဆုံးဖြတ်ပါ။ ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်တယ်ဆိုရင် တာဝန်အသစ်တွေကို ငြင်းဆန်လိုက်ပါ။

– အကောင်းမြင်ပါ၊ အကောင်းဘက်က တွေးပါ။

– တစ်နေ့တာ ကုန်ဆုံးသွားချိန်မှာ ဒီနေ့ တစ်နေ့လုံးမှာ ရရှိခဲ့တဲ့အောင်မြင်မှုကို ရေးမှတ်ထားပါ၊ ဆုံးရှုံးခဲ့တဲ့အရာ၊ ကျရှုံးခဲ့တဲ့အရာတွေကို ဘယ်တော့မှ မမှတ်ပါနဲ့။

– စိတ်အပန်းပြေတဲ့နည်းလမ်းတွေကို လုပ်ဆောင်ကြည့်ပါ။ တစ်ကိုယ်လုံးအကြော တွေကိုတင်းပြီး ပြန်ဖြေလျှော့တာ၊ တရား ထိုင်တာ၊ ယောဂကျင့်တာနဲ့ ထိုက်ချိ ကစားတာကြောင့် စိတ်အပန်းပြေစေပါတယ်။

– အကူအညီတောင်းပါ။ ဆိုလိုတာက စိတ်ဖိစီးမှုကို မထိန်းချုပ်နိုင်လောက်အောင် ခံစားနေရရင်၊ မူးယစ်ဆေးဝါးတွေကိုသုံး ချင်စိတ် ဖြစ်ပေါ်လာရင်နဲ့ ကိုယ့်ကိုယ် ကိုယ်သတ်သေလိုတဲ့ အတွေးတွေဝင်လာရင် စိတ်ကျန်းမာရေးပညာရှင်နဲ့တွေ့ ဆုံဆွေးနွေးပြီး ကုသသင့်ပါက ကုသမှု ခံယူလိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top