Healthy Life Ad
Health Tips

မှတ်ဉာဏ်ကို လှုံ့ဆော်မှုရှိသည့် အချက်များ

၊ ငွေကြယ်စင်ယံ ၊

မှတ်ဉာဏ်ကိုကောင်းမွန်အောင် လှုံ့ဆော်ပေးနိုင်တဲ့ အချက်တွေကို သိရှိစေဖို့ လေ့လာမှုတချို့ရဲ့ ရလဒ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

– ကျန်းမာရေးနှင့် မညီသော အဆင်သင့်အစာနှင့် မှတ်ဉာဏ်
နယူးယော့ခ်ရှိ ကျောင်းသားတစ်သန်းကိုလေ့လာမှုတစ်ခုအရ အချိုတု၊ တာရှည်ခံစေတဲ့ ပါဝင်ပစ္စည်းနဲ့ဆိုးဆေးတွေ မပါတဲ့ အဆင်သင့်စာကို နေ့ လယ်စာအဖြစ် ပုံမှန်လိုလို စားသုံးတဲ့ ကျောင်းသား တွေဟာ အဲဒီဖြည့်စွက်ပစ္စည်းတွေ ထည့်ထားတဲ့နေ့ လယ်စာစားသူ ကျောင်းသားတွေထက် အိုင်ကျူစမ်း သပ်ရာမှာ ၁၄ ရာခိုင်နှုန်း ပိုသာတာကိုတွေ့ရှိရပါတယ်။

– အလုပ်ကြိုးစားခြင်းနှင့် မှတ်ဉာဏ်
အလုပ်ကိုအကြာဆုံးလုပ်နိုင်တဲ့ လန်ဒန် တက္ကစီဒရိုင်ဘာတွေဟာ ပုံမှန် ဟစ်ပိုကမ်းပတ်စ်အရွယ်အစားထက် ပိုကြီးမားတဲ့ အမျိုးအစားကို ပိုင်ဆိုင်ကြပါတယ်။ လေ့လာမှုအရ လူတွေက သတင်းအချက် အလက်တွေကိုပိုမိုမှတ်သားရတာကြောင့် ဦးနှောက်ရဲ့ ဒီအပိုင်း(ဟစ်ပိုကမ်းပက်စ်)ဟာ ဆက်လက်ကြီး ထွားလာတာ ဖြစ်တယ်လို့ သိရပါတယ်။

– အရက်နှင့် မှတ်ဉာဏ်
အယ်လ်ကိုဟောဟာ နူရွန်တွေအကြား ဆက်သွယ်မှုကို အားနည်းစေတဲ့ နည်းနဲ့ ဦးနှောက်ဖြစ်စဉ်ကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

– ကလေးကို စကားပြောပေးခြင်းနှင့် မှတ်ဉာဏ်
စာကို ကျယ်ကျယ်အော်ဖတ်တာနဲ့ ငယ်တဲ့ ကလေးတွေကို မကြာခဏ စကားပြောပေးတာတွေက ဦးနှောက်ဖွံ့ဖြိုးမှုကို တိုးတက်ကောင်းမွန်စေပါ တယ်။

– ပျော်ရွှင်ခြင်းနှင့် မှတ်ဉာဏ်
ဟာသတစ်ခုကို တွေ့လိုက်လို့ ရယ်မောတာက ရိုးစင်းတဲ့အလုပ်တစ်ခု မဟုတ်ပါဘူး။ ဦးနှောက်ထဲက မတူညီတဲ့ အစိတ်အပိုင်း ငါးနေရာမှာ လုပ်ဆောင်မှုလုပ်မှ ရယ်မောတယ်ဆိုတာ ဖြစ်ပေါ်လာပါတယ်။ တချို့ကလည်း ပျော်ပျော်နေတတ်သူတွေက မှတ်ဉာဏ်ကောင်းကြတယ်လို့ ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top