Healthy Life Ad
Health Tips

အဆင်သင့်စာကြောင့် ကျန်းမာရေး ထိခိုက်မှုလျော့နည်းစေဖို့

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အဆင်သင့်စာကြောင့် ကျန်းမာရေးထိခိုက်မှု အန္တရာယ်လျော့ကျစေဖို့ရာအတွက် လိုက်နာသင့်တဲ့ အချက်တွေကိုအမေရိကန်နှလုံးအသင်းက အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။

(၁) ဖြစ်နိုင်ရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကိုသာ ပြင်ဆင်ချက်ပြုတ်စားသောက်ပါ။
(၂) အဆင်သင့်စာကို စားမယ်ဆိုရင် အရွယ်အစားသေးငယ်တဲ့ ပမာဏကိုပဲ မှာစားပါ။
(၃) ပါကင်ဘူးနဲ့လာတဲ့ အဆင်သင့်စာတွေကို မစားခင် အညွှန်းကို အရင်ဖတ်ပါ။ အဆီ၊ ဆိုဒီယမ်၊ သကြားဓာတ်၊ ကယ်လိုရီစတဲ့ ပမာဏတွေကို များလွန်းနေရင် ရှောင်သင့်ပါတယ်။
(၄) အဆင်သင့်စာကို ကျန်းမာရေးနဲ့ ပိုညီညွတ်တာကိုပြောင်းစားပါ။ ဥပမာ- ကြက်သားဟမ်ဘာဂါ စားမယ့်အစား ကြက်သားဆင်းဒဝှစ်ချ်ကို ပြောင်းစားပါ။ ဟမ်ဘာဂါထဲထည့်တဲ့ ကြက်သားက အဆီများပြီး ဆင်းဒဝှစ်ချ်ကြားညှပ်တဲ့ ကြက်သားက အဆီနည်းတတ်ပါတယ်။
(၅) ဟင်းရွက်သုပ်ကိုမှာစားပါ။ သစ်သီးဖျော်ရည် သောက်ပါ။
(၆) အချိုရည်အစား ရေဒါမှမဟုတ် အဆီနည်း နွားနို့ ဒါမှမဟုတ် Diet လုပ်ထားတဲ့ အချိုရည်ကို သောက်ပါ။
(၇) အဆင်သင့်စာစားပြီးတိုင်း ကယ်လိုရီတွေကို ပြန်လည်လောင်ကျွမ်းသွားစေဖို့ လေ့ကျင့်ခန်းများ များလုပ်ဆောင်ပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top