Healthy Life Ad
Health Tips

အင်တီအောက်ဆီးဒင့် ပါဝင်မှုအများဆုံး အစာများ

၊ ငွေကြယ်စင်ယံ ၊

အခုအခါမှာ တိုင်းပြည်နိုင်ငံအတော်များများမှာရှိတဲ့ အစားအစာတွေကို စူပါမားကတ်ဆိုင်တွေမှာ အဆင်သင့်ဝယ်ယူရရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အင်တီအောက်ဆီးဒင့်ပါဝင်မှု အများဆုံးအစာတွေကို ရွေးချယ်စားသုံးနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။


– ပဲနီစေ့
ပဲတိုင်းကျန်းမာရေးနဲ့ ညီညွတ်တာ မှန်ပေမယ့် တောက်ပတဲ့အရောင်ရှိပဲတွေမှာ ကျန်းမာရေးအကျိုးကျေးဇူး အကောင်းဆုံး ပါဝင်ပါတယ်။ ပဲနီစေ့မှာပါတဲ့ အင်တီအောက်ဆီးဒင့်က နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။


– ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီသီးတွေမှာ အန်သိုဆိုင်ယာနင်ဆိုတဲ့ အပင်ထွက်ဓာတ်တစ်မျိုး ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးဟာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့အတွက် အမြင်အာရုံကို ကာကွယ်ပေးပြီး သွေးတွင်းသကြားဓာတ်ပမာဏ လျော့ကျကာ မှတ်ဉာဏ်နဲ့တွေး ခေါ်ဆုံးဖြတ်နိုင် စွမ်းကောင်းမွန်စေပါတယ်။


– ခရင်မ်ဘယ်ရီသီး
ဘလူးဘယ်ရီသီးလိုပဲ ခရင်မ်ဘယ်ရီသီးမှာ အန်သိုဆိုင်ယာနင်ဓာတ်ပါဝင်တာကြောင့် ရောင်ရမ်းမှုလျော့ကျပြီး ကိုယ်ခံအားစနစ် ကောင်းစေပါတယ်။ ခရင်မ်ဘယ်ရီသီးတွေက တချို့ကင်ဆာရောဂါတွေနဲ့ နှလုံးရောဂါတို့ကို တွန်းလှန်ပေးနိုင်တယ်လို့ လေ့လာမှုအရသိရပါတယ်။


– ဘလက်ဘယ်ရီသီး
သိပ္ပံနည်းကျ လေ့လာမှုတွေအရ ဘလက်ဘယ်ရီသီးမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့အတွက် အယ်လ်ဇိုင်းမားရောဂါနဲ့ သူငယ်ပြန်မှတ်ဉာဏ် လျော့နည်းရောဂါဖြစ်နိုင်ခြေ လျှော့ချတဲ့နည်းနဲ့ ဦးနှောက်ကို ကာကွယ်နိုင် တယ်လို့သိရပါတယ်။ ဒါ့အပြင် အူမကြီးကင်ဆာ မဖြစ်အောင်လည်း တွန်းလှန်ပေးနိုင်ပါတယ်။


– ဆီးသီးခြောက်
ဆီးသီးခြောက်မှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top