Healthy Life Ad
Child

ကလေး နို့ကိုက်ခြင်း (Breast biting baby)

ဒေါက်တာတင့်ဆွေ

– ဆရာ . . ကလေးက ကိုက်လို့ နို့သီးခေါင်း အပေါ်တစ်ဖက်လုံးကွဲပြီး အနာဖြစ်နေတာမျိုးကိုရော နို့ဆက် တိုက်ရင် ကလေးမှာ ဘာတွေဖြစ်လာနိုင်ပါသလဲရှင့်။ ကလေးကို ရောဂါပိုးအလွယ်တကူဝင်နိုင်ပါလားဆရာ။

ကလေးက ချိုစို့နေချိန်မှာ မိခင်နို့ကို ကိုက်ရင် နို့တိုက်တာ ရပ်ထားစရာမလိုပါ။ ကလေးတွေ ၆ လ သားမှာသွားပေါက်လာရင် ချိုကိုကိုက်ကြတယ်။ တစ်နှစ်လောက်မှာ အံသွားပေါက်တယ်။ ကလေး တိုင်းတော့မဟုတ်ပါ။ သွားကောင်းကောင်း ပေါက်ရင်တော့ ကိုက်ချင်ရင်လျှာထုတ်ပြီးမှသာ ကိုက်ရတော့မှာမို့ မကိုက်တော့ပါ။

နည်းနည်းကြီးလာတဲ့ ကလေးတွေက အာရုံပြောင်းတာလွယ်တော့ တစ်ခုခုဆီစိတ်ရောက်သွားရင် နို့စို့နေတာကို အမှတ်မထားဘဲ မအေနို့ကိုကိုက် မိတတ်ကြတယ်။ တချို့ကလေးက သူနို့စို့တာဝပြီဆိုရင် ကိုက်ပြီးအဆုံးသတ်ကြတယ်။ တချို့ကလေးက အိပ်ပျော်သွားချိန်မှာကိုက်တယ်။ အအေးမိတာ ခံစားနေရရင် ကိုက်တဲ့ကလေးလည်းရှိတယ်။ တချို့ ကလေးက စူးစမ်းလိုတဲ့သဘောနဲ့ မအေနို့ကိုကိုက်တယ်။

အဲလိုကိုက်ရင် ကိုယ့်လက်သန်းတစ်ချောင်းကို ကလေးပါးစပ်တစ်ဖက်စွန်းမှာ ထည့်လိုက်ပါ။ လက်ကိုပဲ လာကိုက်မယ်။ သူကိုက်နေတုန်း အတင်းဆွဲမခွာပါနဲ့။ နာတော့နာနေမှာပေါ့။ ဆောရီး။ သူ့အောက်မေးရိုးတင်း နေတာမြင်ရင် သူ့လက်သန်းလေးကို သူ့ပါးစပ်ထဲထည့်လိုက်ပါ။ သူ့လက်သူကိုက်မယ်။ ကိုက်နေရင် သူ့လက် ကို အတင်းဆွဲမထုတ်ပါနဲ့ . . .

အဲလိုကိုက်ရင် ကိုယ့်လက်သန်းတစ်ချောင်းကို ကလေးပါးစပ်တစ်ဖက်စွန်းမှာ ထည့်လိုက်ပါ။ လက် ကိုပဲလာကိုက်မယ်။ သူကိုက်နေတုန်း အတင်းဆွဲမခွာပါနဲ့။ နာတော့နာနေမှာပေါ့။ ဆောရီး။ သူ့အောက် မေးရိုးတင်းနေတာမြင်ရင် သူ့လက်သန်းလေးကို သူ့ပါးစပ်ထဲထည့်လိုက်ပါ။ သူ့လက်သူကိုက်မယ်။ ကိုက်နေရင် သူ့လက်ကို အတင်းဆွဲမထုတ်ပါနဲ့။

ကလေးကိုက်တဲ့အကျင့်ပျောက်အောင် နည်းပေါင်းစုံလုပ်နိုင်ပါတယ်။ သွားအသစ်တွေက ထက်တယ်။ စူးရှတယ်။ အော်တာ၊ငေါက်တာလုပ်နိုင်တယ်။ ကိုက်ရင် နို့မတိုက်ဘူးဆိုတဲ့ဒဏ်ပေးနည်း လုပ်နိုင်တယ်။ ကလေးက လက်လျှော့အုံးမှာတော့ မဟုတ်ပါ။ မျက်လုံးချင်း စကားပြောနည်းသုံးပါ။ ဒဏ်ပေးနည်းအပြင် မွှေးမွှေးပေးနည်းလည်း စမ်းနိုင်တယ်။

နို့တိုက်တဲ့အနေအထားပြောင်းကြည့်ပါ။ သူနို့ ဝချိန်လေ့လာနေပါ။ မဆာဘဲနို့မတိုက်ပါနဲ့။ အိပ်ပျော်သွားရင် နို့ကို သူ့ပါးစပ်ထဲက ထုတ်ထားပါ။ နို့ကိုက်တဲ့အကျင့်ကို ဖျောက်ရတာ လွယ်တာလည်း ရှိတယ်၊ ခက်ခဲတာလည်းရှိတယ်။ နို့တိုက်နည်း မမှန် ရင်ပိုကိုက်တယ်။ နို့သီးခေါင်းထိပ်က အတွင်းထဲရောက် လွန်းနေတာမျိုး။ သူ့ကိုဂရုစိုက်စေချင်လို့ ကိုက်တာ လည်းရှိတယ်။ နို့တိုက်နေတုံးမှာ ကလေးကို အာရုံ ပြောင်းစေတာမျိုးနည်းနေပါစေ။ နို့နည်းနေရင် ကိုက်တယ်။ အရင်တုံးက benzocaine ပါတဲ့ Orajel ထုံဆေးကို သုံးခဲ့ကြတယ်။ အခုမသုံးတော့ပါ။

နို့မှာ ကလေးကိုက်လို့ နာနေတာကို ဆေးထည့် ဖို့မလိုတတ်ပါ။ ရေနွေးဝတ်နဲ့ကပ်ပေးနိုင်တယ်။ ချက် ချင်းဖြစ်တာကို ရေအေး-ရေခဲကပ်ပေးနိုင်တယ်။ နာတာနဲ့ ရောင်တာသက်သာအောင် (ပါရာစီတမော) သောက်နိုင်တယ်။ အနာဖြစ်ချင်ရင် အရက်ပြန်မသင့် ပါ။ ပိုးသေဆေးပါ ခရမ်းရောင်ဆေးရည်ကို အခု နောက် ပိုင်း မသုံးစေတော့ပါ။ တခြား ရှေးဦးသူနာပြုသုံး အ နာထည့်ဆေး မသင့်ပါ။ ကော်မျက်စဉ်းသုံးနိုင်တယ်။ ကလေးပါးစပ်ထဲဝင်လည်းစိုးရိမ်စရာမရှိပါ။ အနာကို ခြောက်သွေ့စေပါ။ မဟုတ်ရင် မှိုဝင်တာတတ်တယ်။ ကလေးနို့တိုက်ချိန်မှာ ဖန်းဂတ်း(မှို) ပိုဝင်တတ်တယ်။ မှက္ခရုခေါ်တယ်။ အလိုလိုပျောက်တာများတယ်။ စာတစ်ပုဒ်ရေးထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top