Healthy Life Ad
Life Style

အမျိုးသားများ ဆံပင်ကျွတ်နှုန်း လျော့ကျစေရန်နှင့် ထိပ်မပြောင်စေရန် စားသောက်သင့်သည့် အာဟာရ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

အမျိုးသားတွေမှာလည်း အခုနောက်ပိုင်း ဆံပင်ကျွတ်နှုန်းများလာတာကို တွေ့ရပါတယ်။ အမျိုးသားတွေရဲ့ ဆံပင်က အသက်ကြီးလာလေလေ၊ အိုမင်းမှုဖြစ်စဉ်ကြောင့် လျော့နည်းလာလေလေဖြစ်ပါတယ်။

အမျိုးသားအများစုမှာ အသက် ၅၀ကျော်လာရင် အမျိုးသားဟော်မုန်းတွေဖြစ်တဲ့ တက်စတိုစတီရုန်းနဲ့ အန်ဒရိုဂျင်ဟော်မုန်းတွေက အလိုအလျောက် လျော့နည်းသွားပါတယ်။ ဒါကို အမျိုးသားသွေးဆုံးတယ်လို့တောင် တင်စားပြောကြပါတယ် . . .

အမျိုးသားအများစုမှာ အသက် ၅၀ကျော်လာရင် အမျိုးသားဟော်မုန်းတွေဖြစ်တဲ့ တက်စတိုစတီရုန်းနဲ့ အန်ဒရိုဂျင်ဟော်မုန်းတွေက အလိုအလျောက်လျော့နည်းသွားပါတယ်။ ဒါကို အမျိုးသားသွေးဆုံးတယ်လို့တောင် တင်စားပြောကြပါတယ်။ ဒီလိုအရွယ်တွေမှာ သဘာဝအရ ဆံပင်ကျွတ်သွားတယ်၊ ဆံပင်ပါးသွားပါတယ်။

တချို့အမျိုးသားတွေကျတော့ အသက် ၃၀ ကျော်ပဲရှိသေးတယ်။ အသက် ၄၀တောင် မပြည့်သေးဘူး။ ဆံပင်တွေ ကျွတ်တာ၊ ပါးသွားတာတို့ ဖြစ်တတ်ပါတယ်။ ဒါမျိုးတွေ ဖြစ်တယ်ဆိုရင် ကိုယ်စားသောက်တဲ့ အစားအသောက်တွေနဲ့ အများကြီးဆိုင်တယ်လို့ ပြောချင်ပါတယ်။ ဒီနေရာမှာ ဆံပင်ကိုအာဟာရဖြစ်စေတဲ့ အစားအသောက်တွေကို စားပေးဖို့လိုပါတယ်။ ပြီးတော့ ဆံပင်ကို ဓာတုပစ္စည်းတွေသုံးပြီး အမျိုးမျိုး ပြုပြင်ထိန်းသိမ်းတာမျိုးကလည်း အရွယ်မတိုင်ခင် ဆံပင်ကို ပါးစေပါတယ်၊ ကျွတ်စေပါတယ်။

အဓိက စားသင့်တာကတော့ ပရိုတင်းဓာတ်ပါပဲ။ နောက်တစ်ခုက ဇင့်(သွပ်)ဓာတ်က အရေးကြီးပါတယ်။ ဟော်မုန်းထွက်တာနည်းသွားရင်လည်း ဆံပင်ပါးတတ်တဲ့အတွက် ဟော်မုန်းတွေ မှန်မှန်ထွက်လာနိုင်ဖို့ အရေးကြီးပါတယ်။

(၁) အမျိုးသားတွေဟာ ဓာတုပစ္စည်းများများပါတဲ့ အဆင်သင့်အစားအသောက်တွေ (ဥပမာ- အချိုရည် (Soft Drink)၊ ခေါက်ဆွဲခြောက်)ကို တတ်နိုင်သမျှ လျှော့သင့်ပါတယ်။

(၂) ပရိုတင်းနဲ့ ဇင့်(သွပ်)ဓာတ်ပါဝင်မှုများတဲ့ အစားအသောက်တွေဖြစ်တဲ့ ကြက်ဥ၊ နွားနို့၊ ပင်လယ်စာ၊ အခွံမာစေ့စတာတွေကို စားပေးသင့်ပါတယ်။ အခွံမာတဲ့ အစေ့အဆန်တွေဆိုရင် အိုမီဂါ ၃ ဖက်တီးအက်စစ်လည်း ပါတဲ့အတွက် စားပေးရင် ဆံပင်ပါးတာကနေ ကာကွယ်ပေးနိုင်ပါတယ်။

(၃) သြဂဲနစ်အစားအသောက်တွေဖြစ်တဲ့ သဘာဝအစားအသောက်တွေ (ဥပမာ စိမ်းသောအရွက်၊ ဝါသောအသီး)ဆိုရင် များများစားပေးဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top