Healthy Life Ad
Health Tips

ကျန်းမာရေးအတွက် ညနေတိုင်း PERF ကို စစ်ဆေးပါ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မနက်ဖြန်ကစလို့ နောင်အနာဂတ်မှာ ကျန်းမာတဲ့ ဘဝမျိုးရစေဖို့ ညနေတိုင်း ညနေတိုင်း PERF ဆိုတဲ့ စကားလုံး လေးလုံးအတိုင်း စစ်ဆေးကြည့်ပါ။ အဲဒီစကားလုံးတွေရဲ့အဓိပ္ပာယ်တွေကတော့-

P – Produce – တစ်နေ့တာ အတွင်း သင်စားခဲ့တဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံပမာဏ ဘယ်လောက်ရှိသလဲ
တစ်နေ့တာမှာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတို့ကို အနည်းဆုံး ခြောက်ကြိမ်၊ ခုနစ်ကြိမ် (ဒါမှမဟုတ် ခြောက်မျိုး)လောက်စားပေးသင့်ပါတယ်။

E- Exercise – တစ်နေ့တာအတွင်း ကိုယ်လက်လှုပ်ရှားမှု ဘယ်လောက် ကြာကြာလုပ်ဖြစ်ခဲ့သလဲ
တစ်နေ့တာမှာ လေ့ကျင့်ခန်း လုပ်သင့်တဲ့အချိန်ကာလက အနည်းဆုံးနာရီဝက်ပါ။ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ပြေးတာ၊ အလေးမတာ၊ ကိရိယာနဲ့ လေ့ကျင့်တာ စသဖြင့် သင်နှစ်သက်ရာကို လုပ်ဆောင်နိုင်ပါတယ်။

R – Relaxation – တစ်နေ့တာအတွင်း ကိုယ့်စိတ်အပန်းပြေအောင်လုပ်ပြီးပြီလား
တစ်နေ့တာ ပင်ပန်းနွမ်းနယ်ခဲ့သမျှ အပန်းပြေအောင် အနည်းဆုံး အချိန် ၁၅ မိနစ်လောက်တော့ ရယ်မောဖို့နဲ့ ကြည်နူးဖို့အတွက် အချိန်ပေးပါ။

F – Fibre – အမျှင်ဓာတ်- တစ်နေ့တာအတွင်း အမျှင်ဓာတ်ဘယ်လောက် စားပြီးပြီလဲ
အမျှင်ဓာတ်က ပဲနီလေးအပါအဝင် ပဲအမျိုးမျိုး၊ ကောက်နှံစာ၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ ပါဝင်နေပါတယ်။ အမျှင်ဓာတ် အလုံအလောက် ရရှိမှသာ ဝမ်းမှန်စေမှာပါ။

သင့်အနေနဲ့ PERF ဆိုတဲ့ စကားလုံးလေးလုံးနဲ့ညီအောင် နေထိုင်နိုင်တယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေ့တစ်နေ့ကို ဖြတ်သန်းနိုင်ခဲ့ပါပြီ။ တကယ်လို့ မညီညွတ်သေးဘူးဆိုရင်တော့ လိုအပ်နေတာတွေကို ထပ်မံဖြည့်စွက်ပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top