Healthy Life Ad
Health Tips

စိတ်ဖိစီးမှုကို လျှော့ချပေးမည့် မိနစ်၂၀

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

စိတ်ဖိစီးမှု ခံစားရရင် သွေးတိုးစေပြီး ကြွက်သားတွေကို တောင့်တင်းစေပါတယ်။ စိတ်ဖိစီးမှုပြေလျော့အောင် လုပ်တာဟာ အပန်းပြေစေတဲ့အပြင် သွေးဖိအားကိုလျော့ကျစေပြီး ကြွက်သားတင်းအားကို လျော့ကျစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ ပြေလျော့ဖို့အတွက် မိနစ်၂၀ အချိန်ပေးပြီး အောက်ပါနည်းလမ်းတွေကို လုပ်ဆောင်ပေးပါ။

အဆင့် (၁)
သင့်ကို ဘယ်သူမှအနှောင့်အယှက်မပြုနိုင်တဲ့ တိတ်ဆိတ်အေးချမ်းတဲ့နေရာ တစ်ခုကိုရှာပါ။ သက်သောင့်သက်သာရှိတဲ့အနေအထားနဲ့ ထိုင်ပြီး ခန္ဓာကိုယ်တစ်ခုလုံး အနားရအောင် နေပါ။ မျက်လုံးတွေကို မှိတ်ထားလိုက်ပါ။

အဆင့် (၂)
ခြေဖဝါးနေရာကနေ စပြီး ခန္ဓာကိုယ်အပေါ်ပိုင်းတစ်လျှောက်ရှိ ကြွက်သားတွေကို ဖြည်းဖြည်းချင်း အကြော လျှော့သွားပါ။ နောက်ဆုံးမှာ မျက်နှာကြွက်သားတွေကို အကြောလျှော့ပါ။ စိတ်နဲ့ခန္ဓာ အနားရအပန်းပြေတဲ့ ခံစားချက်ကိုရတဲ့အထိ သက်သောင့်သက်သာနေပါ။

အဆင့် (၃)
မျက်လုံးတွေကို မှိတ်ထားရက်နဲ့ပဲ အသက်ရှူသွင်းတာ၊ ရှူထုတ်တာကို လုပ်ဆောင်ပေးရင်းဝင်လေ၊ ထွက်လေ ကို အာရုံစိုက်ပါ။

အဆင့် (၄)
အသက်ရှူထုတ်တဲ့အချိန်မှာ “ငြိမ်းချမ်းလိုက်တာ” ဆိုတဲ့ စကားလုံးကို ရွတ်ဆိုပေးပါ။

အဆင့်(၅)
သင့်စိတ်ကို ပိုပြီး အေးချမ်းသွားစေမယ့်အတွေးကိုသာတွေးပါ။ ဒီလေ့ကျင့်ခန်းကို ၁၀-၁၅မိနစ်လောက်ပြု လုပ်ပေးဖို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
သင့်စိတ်မှာ ဖိစီးမှုတွေလျော့ပါးသွားပြီး အတော်အတန်ငြိမ်းချမ်းသွားပြီဆိုရင် မျက်လုံးတွေကိုဖွင့်လို့ရပါပြီ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top