Healthy Life Ad
International

၀မ်းချုပ်ဝေဒနာကြောင့် တရုတ်အမျိုးသား၏ ဝမ်းဗိုက်ထဲမှ မစင်ခဲများစုဖွဲ့နေသည့် ၃၀လက်မအရွယ်ရှိ အူကိုဖြတ်ထုတ်ခဲ့ရ

၊ မိုးမင်းထွန်း ၊
တရုတ်နိုင်ငံအရှေ့ပိုင်းမှ အသက် ၂၂နှစ် အ ရွယ်အမျိုးသားတစ်ယောက်ဟာ Hirs­chsprung’s disease (HD) ရောဂါရှိခဲ့ပါတယ်။ ဒီရောဂါက ဝမ်းသွားရလွယ်ကူအောင် ဝမ်းဗိုက်ကို လှုံ့ဆော်ပေးတဲ့ အာရုံကြောကင်းမဲ့တဲ့ ဝေဒနာမျိုး ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ မစင်တွေက ဝမ်းဗိုက်ထဲမှာ စုဖွဲ့ပိတ်ဆို့လာကြပါတယ်။

ဝမ်းဗိုက်ဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်လို တဖြည်းဖြည်းဖောင်းကားလာခဲ့ပါတယ်။ ဝမ်းသွားနိုင်အောင် ငယ်စဉ်ကတည်းက ဆေးဝါးတွေအပေါ်မှီခို လာခဲ့ရတယ်လို့လည်း သိရပါတယ်။ မစင်ခဲတွေက အူတစ်နေရာမှာ အချိန်အတော်ကြာပိတ်ဆို့စုဖွဲ့လာတာကြောင့် မခံမရပ်နိုင်အောင် နာကျင်လာတာကြောင့် တရုတ်အမျိုးသားဟာ ဆေးရုံတက်ခဲ့ရပါတယ်။ဆရာဝန်တွေက ၃နာရီကြာတဲ့ခွဲစိတ်မှုအတွင်း အမျိုးသားရဲ့ ၃၀ လက်မအရွယ်အစားရှိ အူအစိတ် အပိုင်းကိုဖယ်ထုတ်ခဲ့ရပါတယ်။ မစင်တွေထွက်ကျလာမှာစိုးတာကြောင့် အူရဲ့အစွန်းနှစ်ဖက်ကို ချုပ်ခဲ့ရ ပါသေးတယ်။ အလေးချိန် ၂၈ ပေါင်ရှိကြောင်းသိရပါတယ်။ အခုအခါ လူနာအခြေအနေတည်ငြိမ်နေပြီ ဖြစ်ပြီး မကြာခင်အပြည့်အဝ နာလန်ထလာနိုင်မှာ ဖြစ်ကြောင်း ဆရာဝန်တွေကပြောပြပါတယ်။

HD ရောဂါမျိုးဟာ လူ ၅၀ဝဝ မွေးတိုင်းတစ် ကြိမ်ဖြစ်ပွားတတ်ပြီး မွေးကင်းစအရွယ်နဲ့ ကလေး ဘဝအရွယ်မှာ ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိရ တတ်ပါတယ်။ စောစောကုသမှုမခံယူပါက အလွန် အမင်း ဝမ်းချုပ်တတ်ကာ အန္တရာယ်ဖြစ်စေတဲ့ Enterocolitis ခေါ်ဝမ်းဗိုက်ပိုးကူးစက်ခြင်းဖြစ်ပွား တတ်ကြောင်း သိရပါတယ်။

(Ref:TS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top