Healthy Life Ad
Health Tips

ကျန်းမာသာယာသောဘဝ ပိုင်ဆိုင်စေမည့် အဆင့်လေးသွယ်

၊ ငွေကြယ်စင်ယံ ၊

ဖြတ်သန်းလာတဲ့ဘဝတစ်လျှောက် နာကျင်မှု၊ ကြောက်ရွံ့မှု၊ အပြစ်ရှိတာ၊ ဝမ်းနည်းတာ၊ ပူပင်သောကများတာ၊ ဒေါသဖြစ်တာနဲ့ စိတ်အနှောင့်အယှက်ဖြစ်ရတာတွေ ရှိခဲ့တယ်ဆိုရင် အခုကစပြီး သင့်ဘဝပိုမို လှပအသက်ဝင်လာစေဖို့ အဆင့်လေးဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပထမဆုံးအဆင့်

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေဖို့ စိတ်ခွန်အားထားရှိရပါမယ်။ ပိုကောင်းမွန်တဲ့ အနာဂတ်ကိုမြင်ယောင်ကြည့်ပြီး ကိုယ့်စိတ်ကို လှုံ့ဆော်မှုပေးနိုင်မယ့် အတွေးကိုပဲတွေးပါ။

(၂) ဒုတိယအဆင့်

စိတ်ခံစားမှုကိုအသက်ဝင်စေဖို့ အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ် တက်ကြွသွက်လက်နေစေဖို့ ပြေးတာ၊ လက်ဝှေ့ထိုးတာ၊ ကခုန်တာစတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်သင့်ပါတယ်။ စိတ်ခံစားမှုကောင်းစေတဲ့ အန်ဒေါ်ဖင်ဓာတ်တွေ အထွက်တိုးလာသလို လူကပါ အလိုလိုဖျတ်လတ်နေပါလိမ့်မယ်။

(၃) တတိယအဆင့်

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူးလို့ထင်တဲ့ အတွေးတွေနဲ့ ခံစားချက်တွေကိုစွန့်ပစ်ပြီး တတ်နိုင်သမျှ သူတစ်ပါးကို အကူအညီပေးပါ။ ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားစိတ် ပိုလာပါလိမ့်မယ်။

(၄) နောက်ဆုံးအဆင့်

တခြားသူတွေကို ချစ်ခြင်းမေတ္တာနဲ့ ကြင်နာမှုတို့ပေးပြီး ဂရုစိုက်ပေးတာက သင့်ကိုလည်း အချစ်ခံရစေမယ့်နည်းပဲ ဖြစ်ပါတယ်။ မကောင်းတဲ့ စိတ်ခံစားမှုဖြစ်ပေါ်လာရင် တရားထိုင်တာ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ စကားပြောတာစတဲ့ နည်းတွေနဲ့ အနာကျက်အောင် ကုစားလိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top