Healthy Life Ad
International

နောက်ဆုံးအချိန်ကို ငြိမ်းချမ်းစွာ ကျော်ဖြတ်နိုင်တော့မည့် ဘက်စကတ်ဘောအရွယ် လည်ပင်းအကျိတ်ကြီးနဲ့မိခင်

၊ မိုးမင်းထွန်း ၊

ထိုင်းနိုင်ငံမှ မေးစူထီးရာဆိုတဲ့အမျိုးသမီးဟာ ကလေးမွေးဖွားပြီး မကြာခင်မှာ လည်ပင်းရောင်လာတာကြောင့် ဆရာဝန်တစ်ယောက်ဆီသွားရောက် ပြသကာ ဆေးသောက်နေခဲ့ပါတယ်။ ဒါပေမဲ့ ဝေဒနာ မသက်သာခဲ့ဘဲ ရောင်တာ ပိုဆိုးလာကာ နာကျင်မှု ပြင်းပြင်းထန်ထန်ခံစားခဲ့ရတာကြောင့် ဆေးရုံသို့ သွားရောက်ကာ အသားစစစ်ဆေးခဲ့ပါတယ်။ သူရဲ့ တံတွေးဂလင်းထဲမှာ non-Hodgkin lymphoma ခေါ်တဲ့ သွေးဖြူဆဲလ်စနစ်မှာဖွံ့ဖြိုးတဲ့ ရှားပါးကင်ဆာ ဖြစ်ပွားနေတာကို တွေ့ရှိခဲ့ပါတယ်။

ကင်ဆာဆေးသွင်းကုသမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် ငွေကြေးမတတ်နိုင်တော့တာကြောင့် အိမ်သို့ ပြန်လာခဲ့ရပါတယ်။ သူရဲ့ခင်ပွန်းကလည်း စက်ရုံအလုပ်ကထွက်ကာ သူနဲ့ကလေးတွေကို စောင့်ရှောက် ပြုစုခဲ့ရပါတယ်။ ကင်ဆာဆဲလ်တွေက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ကာ လည်ပင်းအကျိတ်ဟာ ဘက်စကတ်ဘောအရွယ်အစားအထိဖြစ်လာခဲ့ပြီး နာကျင်မှုဝေဒနာ ဆိုးဆိုးရွားရွားခံစားနေရပါတယ်။ အစာပိုက်နဲ့သာ စားနေရပြီး အသက်ရှင်ဖို့အချိန်နည်းနည်းသာ ကျန်ပါတော့တယ်။

ထိုင်းနိုင်ငံကျေးလက်ဒေသတွေမှ ဆင်းရဲသားတွေကို ကူညီပေးနေတဲ့ပရဟိတအဖွဲ့ တည်ထောင်ထားတဲ့ ထိုင်းနာမည်ကျော်ဘုန်းတော်ကြီးဘဟင်ဟာ မေးရဲ့သတင်းကိုကြားသိပြီးနောက် သူရဲ့နောက်ဆုံးအချိန်ကို ငြိမ်းငြိမ်းချမ်းချမ်းဖြတ်သန်းနိုင်ဖို့ ထိုင်းဘတ်၂၅၀ဝ၀ လှူဒါန်းခဲ့ပါတယ်။ ဒီငွေကြေးနဲ့ အစာအာဟာရနဲ့ အခြေခံဆေးဝါးတွေဝယ်ယူကာ ဝေဒနာ ပြင်းပြင်းထန်ထန်မခံစားရတော့ဘဲ နောက်ဆုံးအချိန်တွေကို ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top