Healthy Life Ad
Life Style

အိမ်ထောင်ရှင်အမျိုးသားတို့အတွက် ချစ်စိတ်တိုးစေမည့် အစာများ

၊ ကိုထက် ၊


– ကညွတ်
ဟင်းသီးဟင်းရွက်အများစုက တစ်ချိန် မဟုတ် တစ်ချိန်မှာ ချစ်စိတ်တိုးစေတယ်လို့ တွေ့ရှိတတ်ပေမယ့် ကညွတ်ကိုတော့ ချစ်စိတ်တိုးစေတဲ့ အစာအဖြစ် အမြဲအသိအမှတ်ပြု လက်ခံခဲ့ကြပါတယ်။ ကညွတ်မှာ ဖောလစ်အက်စစ်ပါဝင်တဲ့ အတွက် အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦးစလုံးကို သာယာကြည်နူးမှုရရှိစေပါတယ်။


– ငှက်ပျောသီး
ကညွတ်လိုပဲ ငှက်ပျောသီးဟာ ချစ်စိတ်တိုး စေတဲ့အစာပါ။ ငှက်ပျောသီးမှာ ဘရိုမီလိန်းဓာတ် ပါဝင်တဲ့အတွက် တက်စတိုစတီရုန်းဟော်မုန်း အထွက်တိုးစေပြီး စွမ်းအင်ထွက်ရှိစေပါတယ်။


– ကြက်သွန်ဖြူ
ကြက်သွန်ဖြူကြောင့် ခံတွင်းနံ့နံမှာ စိတ်ပူရပေမယ့် ကြက်သွန်ဖြူစားတာကြောင့် တစ်ကိုယ်လုံးကို သွေးလှည့်ပတ်မှု ကောင်းစေပြီး နိုက်ထရစ်အောက် ဆိုက်ထွက်ရှိစေကာ ချစ်စိတ်နိုးကြွစေပါတယ်။


– ကော်ဖီ
ကော်ဖီက ချစ်ခြင်းမေတ္တာကို လှုံ့ဆော်ပေးပြီး ချစ်စိတ်တိုးစေတဲ့ အစွမ်းရှိပါတယ်။


– အညိုရောင် ချောကလက်
အညိုရောင် ချောကလက်ကို အသင့်အတင့် စားတာကြောင့် ဝေဒနာတွေကို သက်သာစေပြီး အသက်ရှည်ရှည် နေရနိုင်ပါတယ်။ အညိုရောင် ချောကလက်မှာ ဖီနိုင်းအီသိုင်းလမင်းပါဝင်ပြီး စိတ်ခံစားမှုနဲ့ စွမ်းအင်တိုးစေပြီး လိင်ဆွဲဆောင်မှုရှိစေပါတယ်။


– ပျားရည်
ပျားရည်မှာ ဇင့်(သွပ်)ဓာတ်၊ ဗီတာမင်ဘီနဲ့ ဗီတာမင်အီးတို့ပါဝင်တာကြောင့် အိမ်ထောင်မှု သုခပြည့်ဝအောင် စွမ်းဆောင်ပေးတဲ့ အစာပါ။


– မုန်ညင်း
မုန်ညင်းစားတာကြောင့် စိတ်ခံစားမှု ကောင်း စေတဲ့ အန်ဒေါ်ဖင်ဓာတ် ထွက်ရှိစေပြီး ချစ်စိတ်ကို တိုးစေပါတယ်။


– ကမာကောင်
ကမာကောင်မှာ ဇင့်(သွပ်)ဓာတ်ပါဝင်တာ ကြောင့် ကျားဟော်မုန်းတက်စတိုစတီရုန်း ထွက်ရှိစေပြီးချစ်စိတ်တိုးစေပါတယ်။


– စတော်ဘယ်ရီ
ဗီတာမင်စီ ပါဝင်မှုများတဲ့ စတော်ဘယ်ရီဟာ သွေးစီးဆင်းမှုကို တိုးစေပြီး စိတ်ခံစားမှုကောင်းတွေကို ဖြစ်ပေါ်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top