Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်နှင့် ချောကလက်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အမျိုးသမီးတွေအတွက် စိန်ခေါ်မှုများတဲ့ ကာလပါပဲ။ ဒီအချိန်မှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာအများစု လျော့ကျစေဖို့ အမည်းရောင်ချောကလက်ဟာ အသုံးဝင်ပါတယ်။

– ကိုယ်ဝန်ဆိပ်တက်ခြင်းကို ကာကွယ်ပေးပါတယ်

ကိုယ်ဝန်ဆိပ်တက်တာက ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်ပြီး သွေးတိုးလို့ဖြစ်ရတာပါ။ အဲဒီလိုဖြစ်ရင် မိခင်နဲ့ကလေး အန္တရာယ်မဖြစ်စေဖို့ လမစေ့ဘဲ စောစောမွေးရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း သွေးတိုးတာက အန္တရာယ်ရှိပါတယ်။ ဒီအချိန်မှာ အမည်းရောင် ချောကလက်ကို ပုံမှန်စားပေးရင် သီယိုဘရိုမင်းဓာတ် ပါဝင်တာကြောင့် ကိုယ်ဝန်ဆိပ်တက်ရောဂါလက္ခဏာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

– ကိုယ်ဝန်ဆောင်ချိန် သွေးထိန်းညှိပေးပါတယ်
ချောကလက်မှာပါတဲ့ သီယိုဘရိုမင်းဓာတ်ဟာ ကိုယ်ဝန်ဆောင်မိခင်တွေမှာ သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး သွေးပေါင်ကို ပုံမှန်အတိုင်းအတာအတွင်း ထိန်းပေးနိုင်ပါတယ်။

– ကိုယ်ဝန်ဆောင်ချိန် ကိုယ်ခံအား ကောင်းစေပါတယ်
ချောကလက်မှာ ဖလေဗနွိုက်လို့ခေါ်တဲ့ အင်တီအောက်ဆီးဒင့်တစ်မျိုး ပါဝင်မှုများပါတယ်။ ကိုယ် ဝန်ဆောင်ချိန်မှာ ဖလေဗနွိုက်ကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါ အမျိုးမျိုးမဖြစ်အောင် ကာကွယ်ပေးပြီး နှလုံးသွေးကြောစနစ်ကို ကျန်းမာစေပါတယ်။

– ပျော်ရွှင်တက်ကြွတဲ့ ကလေးမွေးဖွားနိုင်ပါတယ်
ဖင်လန်နိုင်ငံရဲ့ လေ့လာမှုတစ်ခုအရ အမျိုးသမီးတစ်ဦးဟာ ချောကလက်ကို ပုံမှန်စားပေးရင် ပျော် ရွှင်တက်ကြွတဲ့ ကလေးမွေးဖွားနိုင်ခြေများတယ်လို့ သိရပါတယ်။ စိတ်ဖိစီးမှုများနေတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေမှာတောင် ချောကလက်ကို ပုံမှန်စားပေးရင် ပိုမိုပျော်ရွှင်တဲ့ ကလေးမွေးဖွားနိုင်တယ်လို့ ဆိုပါတယ်။ ဒီလေ့လာမှုကို ချောကလက်ပုံမှန်စားသုံးတဲ့ အမျိုးသမီး ၃၀ဝ ဦးကို လေ့လာဖော်ထုတ်လိုက်တာပါ။ ချောကလက်ပုံမှန်စားတဲ့ ကိုယ်ဝန်ဆောင်တွေက မွေးလာတဲ့ ကလေးတွေမှာ အကောင်းမြင်စိတ်များရတာက ချောလက်မှာပါတဲ့ ဖီနိုင်းအီသိုင်လမင်းဓာတ် ကြောင့်ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

– ကိုယ်ဝန်ဆောင်ချိန် ဗီတာမင်နဲ့ သတ္တုဓာတ်များ များရရှိစေပါတယ်
အမည်းရောင်ချောကလက်မှာ မဂ္ဂနီဆီယမ်၊ သံဓာတ်နဲ့ တခြား သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

– ကိုယ်ဝန်ဆောင်ချိန် နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်
အမည်းရောင် ချောကလက်စားရင် နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အမည်းရောင် ချောကလက်မှာ အင်တီအောက် ဆီးဒင့်ပါဝင်တာကြောင့် နှလုံးသွေးကြောစနစ်ကို အကောင်းဆုံးအခြေအနေဖြစ်အောင် ကူညီနိုင်ပါတယ်။

– ကိုယ်အလေးချိန်ထိန်းပြီး မကောင်းတဲ့ ကိုလက်စထရော လျော့ကျစေပါတယ်
အမည်းရောင် ချောကလက်စားရင် သွေး ကြောထဲက မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်။ အမည်းရောင် ချောကလက်မှာ အဆီနဲ့ သကြားပါဝင်မှုနည်းပါတယ်။

– စိတ်ဖိစီးမှု လျော့ကျစေပါတယ်
ချောကလက်စားလိုက်ရင် ကိုယ်ဝန်ဆောင် မိခင်အများစု ရင်ထဲက ပူပင်စိတ်နဲ့ စိတ်ဖိစီးမှုတွေ သိသိသာသာ လျော့ကျသွားစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ချောကလက် စားတာကြောင့် စိတ်ခံစားမှုပိုကောင်းပြီး အကောင်းမြင်စိတ် ပိုရှိစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top