Healthy Life Ad
Life Style

စိတ်ဖိစီးမှုကို ဘယ်လိုလျှော့ချကြမလဲ …

စိတ်ဖိစီးမှုဖြစ်လာရင် အမြန်ဆုံးလျှော့ချနိုင်မယ့် နည်းလမ်းရှာရပါမယ်။ မဟုတ်ရင် နာတာရှည် ဖိစီးမှုဒဏ်ခံရတဲ့အခါ စိတ်ဓာတ်ကျပြီး စိတ်ကျရောဂါအထိ ခံစားရတတ်လို့ပါ။

(၁) အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်သည့် လေ့ကျင့်ခန်း

စိတ်ဖိစီးမှုတွေမဖြစ်အောင် အသက်ပြင်းပြင်း ရှူသွင်းလိုက်မယ်။ ခဏအောင့်ထားမယ်။ ပြီးရင် အသက်ကို ပြင်းပြင်းပြန်မှုတ်ထုတ်လိုက်ရင်ပဲ တော်ရုံတန်ရုံ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ပါတယ်။

(၂) တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း

တရားထိုင်တာနဲ့ ယောဂကျင့်တာတွေကို လုပ်ဆောင်ပေးရင်လည်း ခေါင်းထဲမှာ စိတ်ခံစားမှုကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းထွက်လာပြီး စိတ်ပြေလျော့စေပါတယ်။

(၃) စာထဲ ချရေးခြင်း

ကိုယ်ခံစားနေရတာတွေ၊ မကျေနပ်တာတွေကို စာအုပ်ထဲမှာ ချရေးလိုက်ရင်လည်း ကိုယ့်စိတ်ထဲက ဖိစီးမှုအနည်းငယ် လျော့သွားပါတယ်။

(၄) ယုံကြည်ရသူကို ရင်ဖွင့်ပြောကြားခြင်း

ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်ကို ရင်ဖွင့်ပြောပြတာကလည်း စိတ်ဖိစီးမှုကို လျော့ကျသွားစေပါတယ်။

(၅) စိတ်ကူးနှင့် ဖြေလျှော့ခြင်း

နောက်တစ်ခုက စိတ်ကူးနဲ့ဖြေလျှော့တာပါ။ ကိုယ်က ဒီအလုပ်ကြီးကို မလုပ်နိုင်ဘူးလို့ထင်ပြီး စိတ်ဖိစီးမှုများနေချိန်မှာ နောက်ဆုံးမှာ အောင်မြင်သွားတယ်လို့စိတ်ကူးပြီး ကိုယ့်ကိုယ်ကိုယ်စိတ်ကျေနပ်အောင် လုပ်တဲ့နည်းနဲ့ ဖိစီးမှုကိုလျော့ကျလာအောင် လုပ်တဲ့နည်းဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top