Healthy Life Ad
Life Style

ပန်းသေပန်းညှိုးရောဂါဖြစ်လျှင် ဆရာဝန်နှင့်တိုင်ပင်သင့်သည့် အကြောင်းရင်း

၊ ကိုထက် ၊

ပန်းသေပန်းညှိုးရောဂါဆိုတာ လိင်ကိစ္စအတွက်သာမက ကျန်းမာရေးအခြေအနေတွေအတွက်လည်း အရေးပါတဲ့အတွက် လျစ်လျူရှုမထားသင့်ဘူးလို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ “ပန်းသေပန်းညှိုးရောဂါဟာ တစ်ခါတစ်ရံ နှလုံးသွေးကြောရောဂါရဲ့ အစောပိုင်းလက္ခဏာတစ်ရပ် ဖြစ်နေနိုင်ပါတယ်။ ပန်းသေပန်းညှိုးရောဂါက ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေမှာ သွေးစီးဆင်းမှုထိခိုက်တဲ့ လက္ခဏာတစ်ရပ်လည်း ဖြစ်နိုင်ပါတယ်”လို့ ဆီးလမ်းကြောင်းအထူးကု ဒင်နီရယ်က ဆိုပါတယ်။

ပန်းသေပန်းညှိုးဖြစ်တာက နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါနဲ့ တက်စတိုစတီရုန်း ကျားဟော်မုန်းလျော့နည်းတဲ့ အခြေအနေစတဲ့ တခြားအခြေခံရောဂါတွေရဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပန်းသေပန်းညှိုးဖြစ်တဲ့အခါ သင့်အတွက် စိတ်အနှောင့်အယှက်မဖြစ်ရင်တောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့လိုအပ်ပါတယ်။ ဒါမှသာ ပန်းသေပန်းညှိုးဖြစ်စေနိုင်တဲ့ တခြားကျန်းမာရေးပြဿနာတွေကို အဖြေရှာနိုင်မှာဖြစ်ပါတယ်။

ပန်းသေပန်းညှိုးဖြစ်နိုင်သည့် အခြားအကြောင်းရင်းများ

– ဆေးဝါးတချို့ သောက်သုံးမှု၊

– အရက်၊ ဆေးရွက်ကြီးနဲ့တခြားထိန်းချုပ်ဆေးဝါးတွေကို သုံးစွဲမှု၊

– ကျောရိုးမကြီးထိခိုက်ဒဏ်ရာရတာ၊ ဆီးကျိတ်ကင်ဆာ၊ ဆီးကျိတ်ဂလင်းကြီးတာတို့အတွက် ကုသမှုနဲ့ ကျောရိုး ဒါမှမဟုတ် တင်ပဆုံကွင်း ခွဲစိတ်မှုခံယူရတာတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ပန်းသေပန်းညှိုးရောဂါအတွက် ကုထုံးလိုအပ်သလား

ဒါက ခံစားနေရသူအပေါ် မူတည်ပါတယ်။ လိင်ကိစ္စတွက်လိုအပ်ပြီး မျိုးဆက်ပွားများချင်တယ်ဆိုရင် ကုသမှုခံယူဖို့လိုပါလိမ့်မယ်။

အခုခေတ်မှာ ပန်းသေပန်းညှိုးရောဂါအတွက် ကုထုံးအမျိုးမျိုးရှိပါတယ်။ ဘဝနေထိုင်စားသောက်မှုပုံစံနဲ့တွဲဖက်ပြီး အောက်ပါကုထုံးတွေကိုလိုက်နာဖို့ ဆရာဝန်က ရှင်းပြပါလိမ့်မယ်။

– သောက်ဆေးနဲ့ ကုသတာ၊

– ဆေးထိုးတာ၊

– ဟော်မုန်းအစားထိုးကုသတာ၊

– အစားထိုးပစ္စည်းထည့်တာနဲ့ Vacuum Pump သုံးတာတို့ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top