Healthy Life Ad
International

ကလေး ၆၂၅ သန်းတွင် တစ်ယောက်သာဖြစ်နိုင်သည့် သားအိမ်ပြင်ပကြီးထွားသောကလေး

၊ မိုးမင်းထွန်း ၊

ရုရှားနိုင်ငံမှာ သားအိမ်ပြင်ပကြီးထွားတဲ့ ကလေးငယ်တစ်ယောက်ကို ရှောရှောရှူရှူ ကျန်းမာစွာမွေးဖွားနိုင်ခဲ့ပါတယ်။ ဒီလိုအဖြစ်အပျက်ဟာ ကလေး ၆၂၅သန်းမွေးတိုင်း တစ်ကြိမ်သာဖြစ်ပွားတတ်တဲ့ အံသြစရာအဖြစ်အပျက်ဖြစ်ကြောင်း ဆရာဝန်တွေက ပြောဆိုခဲ့ပါတယ်။

ကလေးငယ် ဗီရိုနီကာဟာ မွေးဖွားချိန်မှာ ကိုယ်အလေးချိန် ၉ ဒသမ ၁ ပေါင်ရှိပါတယ်။ ဆိုက်ဘေးရီးယားကျေးလက်မှာနေထိုင်တဲ့ အသက် ၃၁နှစ်အရွယ် ဘာသာရေးကိုင်းရှိုင်းတဲ့ မိခင်ဖြစ်သူဟာ ကိုယ်ဝန်ဆောင်နေချိန်အတွင်း ဆေးကုသစစ်ဆေးမှု အနည်းအကျဉ်းသာပြုလုပ်ခဲ့ပြီး မီးဖွားတဲ့ကာလရောက်တဲ့အချိန်မှာ ဝမ်းမနာတာကြောင့် ဆေးရုံသို့လာရောက်ပြသခဲ့တာဖြစ်ပါတယ်။ စစ်ဆေးကြည့်တဲ့အခါမှ ကလေးဟာ သားအိမ်ထဲမှာမရှိဘဲ ဝမ်းဗိုက်ထဲမှာရှိနေတဲ့ အက်တိုးပစ် ကိုယ်ဝန်ဆောင်ပုံစံတစ်မျိုးဖြစ်ကြောင်း သိရှိခဲ့ကြတာဖြစ်ပါတယ်။

အက်တိုးပစ်ကိုယ်ဝန်ဆောင်ဖြစ်စဉ်ဟာ မျိုးအောင်တဲ့သားဥဟာ သားအိမ်အပြင်ဘက်ရောက်ရှိသွားတဲ့ အခြေအနေဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ တစ်နှစ် အက်တိုးပစ်ကိုယ်ဝန်ဆောင် ၁၂၀ဝ၀ခန့်ရှိပြီး အများအားဖြင့် သားဥကို ဆေးဝါးသုံးပြီး ဒါမှမဟုတ် ခွဲစိတ်ကာဖယ်ရှားရလေ့ရှိပါတယ်။ မဖယ်ရှားပါကလည်း သားလောင်းဟာ ကိုယ်ဝန်ဆောင်ကာလအတွင်း အချိန်မရွေး သေဆုံးနိုင်ခြေများပါတယ်။ အခုလို ရှားပါးဖြစ်စဉ်မျိုးမှသာ ကလေးကို ကျန်းကျန်းမာမာမွေးဖွားနိုင်လေ့ရှိကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top