Healthy Life Ad
Life Style

မျိုးအောင်မှုကို အဟန့်အတား ဖြစ်စေသော အစားအသောက်များ

၊ ငွေကြယ်စင်ယံ ၊

သားသား၊ မီးမီး လိုချင်နေတဲ့ အိမ်ရှင်မတွေအနေနဲ့ အောက်ပါ အစားအသောက်တွေက မျိုးအောင်နိုင်စွမ်းကို အဟန့်အတားဖြစ်စေတာကြောင့် သတိထားဖို့ လိုအပ်ပါတယ်။

– ပြဒါးဓာတ်ပါဝင်မှု မြင့်မားသော ငါး
ပြဒါးဓာတ်ပါဝင်မှု မြင့်မားတဲ့ အကောင်ကြီး ငါးမျိုးကို ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်သင့်သလို ကိုယ်ဝန်ရအောင် ကြိုးပမ်းနေချိန်မှာလည်း အလွန်အမင်း မစားသင့်ပါဘူး။ ပြဒါးဓာတ်ပမာဏများတာနဲ့ မျိုးမအောင်တာက ဆက်စပ်မှုရှိတယ်လို့ လေ့လာမှုတွေက ဖော်ပြထားလို့ပါ။

– ထရန့်စ်အဆီ
ထရန့်စ်အဆီ(Trans Fat)ဆိုတာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီပါ။ လေ့လာမှုအရ အမျိုးသမီး တစ်ဦးစားတဲ့ အစာထဲ ထရန့်စ်အဆီပါဝင်မှု မြင့်မားလေလေ၊ မျိုးမအောင်မှုဖြစ်နိုင်ခြေများလေလေ ဖြစ်ပါတယ်။ ထရန့်စ်အဆီက ထပ်ခါတလဲလဲကြော်ထားတဲ့ ဆီနဲ့ကြော်တဲ့ အစာနဲ့ တာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစာတွေမှာ ပါဝင်တတ်ပါတယ်။ ဒါကြောင့်ကောင်းတဲ့ အဆီတွေဖြစ်တဲ့ သံလွင်ဆီ၊ အခွံမာသီး၊ ထောပတ်သီးစတာတွေကို အစားထိုးစားပေးပါ။

– ကဖင်းဓာတ်
ကဖင်းဓာတ်ကို အလွန်အမင်းသောက်တ ဲ့အလေ့အထကြောင့် မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ ကောက်ဖီများများသောက်တာနဲ့ မျိုးအောင်နိုင်စွမ်းလျော့ကျမှု ဆက်စပ်နေသလို ကိုယ်ဝန်ပျက်ကျနိုင်ခြေနဲ့ ဆက်စပ်နေကြောင်းလည်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top