Healthy Life Ad
Health Tips

မြေပဲစားသင့်သည့် အကြောင်းပြချက် ၅ ရပ်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

မြေပဲက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အခွံမာအစေ့အဆန်ဖြစ်ပြီး မြေပဲနဲ့ မြေပဲထောပတ်ကို အသင့်အတင့် စားပေးသင့်တဲ့ အကြောင်းရင်းတွေ ရှိပါတယ်။

အကြောင်းပြချက် (၁)
သွေးတွင်းကိုလက်စထရော အဆင့်ကို လျော့ကျစေနိုင်ပါတယ်

မြေပဲမှာ ကယ်လိုရီနဲ့ အဆီပါဝင်မှုများပေမယ့် ကိုယ်အလေးချိန်မတက်စေဘဲ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော၊ ထရိုင်ဂလစ်ဆရိုက်အဆီတွေကို လျော့ကျစေပါတယ်။

အကြောင်းပြချက် (၂)
သွေးတွင်းသကြားဓာတ်ထိန်းချုပ်နိုင်ပါတယ်

နံနက်စာမှာမြေပဲထည့်စားတာကြောင့် သွေးတွင်း သကြားဓာတ်အဆင့်ကို ထိန်းချုပ်နိုင်ပါ တယ်။

အကြောင်းပြချက် (၃)
ခန္ဓာကိုယ်သွယ်လျစေတယ်

မြေပဲနဲ့မြေပဲထောပတ်စားတာကြောင့်ကယ်လိုရီများများရရှိစေပေမယ့် ခန္ဓာကိုယ်ကို သွယ်လျစေပါတယ်။ ကြာကြာဗိုက်ပြည့်ပြီး တခြားအစာတွေ မစားဖြစ်တော့လို့ပါ။

အကြောင်းပြချက် (၄)
ကောင်းတဲ့ အဆီရရှိစေတယ်

မြေပဲမှာ အာဟာရဓာတ်အပြင် ကောင်းတဲ့အဆီပါဝင်တဲ့အတွက် ကိုယ်အလေးချိန်ထိန်းပေးတာပါ။

အကြောင်းပြချက် (၅)
မှတ်ဉာဏ်စွမ်းအားကောင်းမွန်စေပါတယ်

မြေပဲဟာ ဦးနှောက်စွမ်းအားကောင်းစေတဲ့ အစာပါ။ လေ့လာမှုအရ မြေပဲမှာပါတဲ့ ဗီတာမင်B3က ဦးနှောက်လုပ်ငန်းဆောင်တာ ကောင်းစေပြီး မှတ်ဉာဏ်ထက်သန်စေတယ်လို့သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top