Healthy Life Ad
Health Tips

သွားတစ်သက်တာ ခိုင်မြဲစေမည့် နည်းလမ်းကောင်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ခံတွင်းသန့်စင်ပြီး တစ်သက်တာခိုင်မြဲစေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို မျှဝေလိုက်ပါတယ်။

(၁) ဖလိုရွိုက်ပါတဲ့ သွားတိုက်ဆေးကို သုံးရပါမယ်။ ကလေးအရွယ်ဆိုရင် ကလေးသွားပွတ်တံ ဒါမှမဟုတ် လက်စွပ်ရာဘာနဲ့ တိုက်ပေးရပါမယ်။

(၂) သွားပွတ်ကြိုးသုံးတာက သွားနှစ်ချောင်းကြားက အညစ်အကြေးတွေသာမက သွားဖုံးအပေါ်မှာ ကပ်ညိနေတဲ့ အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

(၃) သွားကြားထိုးတံ အမျိုးမျိုးရှိပါတယ်။ သစ်သား၊ ပလတ်စတစ်၊ Synthetic စတဲ့ သွားကြားထိုးတံအမျိုးမျိုးအနက် ပါးပါးပျော့ပျော့ အမျိုးအစားကသာ အကောင်းဆုံးဖြစ်ပါတယ်။ မာမာတုတ်တုတ်သွားတိုက်တံက သွားဖုံးတွေကို ဒဏ်ဖြစ်စေနိုင်ပါတယ်။ သွားတွေကို ပွန်းပဲ့စေနိုင်ပါတယ်။

(၄) လျှာပွတ်တံကလည်း လျှာပေါ်ကအညစ်အကြေး၊ အမြှေးပါး၊ ပိုးတွေကို လျော့ကျစေပါတယ်။ လျှာပွတ်တံသီးသန့်မသုံးချင်ရင် သွားတိုက်တံအနုစားလေးနဲ့ လျှာကိုတိုက်ပေးပါ။

(၅) ငွေကုန်ကြေးကျသက်သာတဲ့ သွားနဲ့ခံတွင်းသန့်စင်နည်းကတော့ ပါးစပ်ကိုရေနဲ့ ပလုတ်ကျင်းပေးတာပဲ ဖြစ်ပါတယ်။ အစာစားပြီးတိုင်း၊ အချိုရည်၊ လက်ဖက်ရည်၊ ကော်ဖီစတာတွေသောက်ပြီးတိုင်း ပလုတ်ကျင်းသင့်ပါတယ်။

(၆) နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာလည်း ခံတွင်းကိုသန့်စင်စေတဲ့ အရာတွေရှိပါတယ်။ အဲဒီအစာတွေက မုန်လာဥနီ၊ စိမ်းစားဥ၊ ပန်းသီး၊ ဆီး(ဇီး)သီး၊ မာလကာသီး စတဲ့ အရည်ရွှမ်းတဲ့ အသီးအနှံတွေဖြစ်ကြပါတယ်။ ခံတွင်းကို ညစ်ပတ်စေတဲ့အစာတွေက ကန်စွန်းဥ၊ ပြောင်းဖူး၊ အမျှင်များတဲ့အစာတွေဖြစ်ကြပါတယ်။ ဒီအစာတွေကိုစားပြီးရင် ပလုတ်ကျင်းပေးဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top