Healthy Life Ad
Q & A

စိတ်ဝေဒနာရှင် ကျန်းမာအောင် ဘယ်လိုစားသောက်သင့်သလဲ . . .

မေး. ကျွန်မအဒေါ်က စိတ်ကျန်းမာရေး ဝေဒနာရှိသူပါ။ ဆရာဝန်နဲ့လည်း မှန်မှန်ပြပါတယ်။ စိတ်ရောဂါရှိသူတွေ ဘယ်လိုစားသောက်နေထိုင်ရင် ကျန်းမာရေးအတွက်ပိုသင့်တော်ပါသလဲ။
မြမြသင်း၊ အင်းစိန်

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ကျန်းမာဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက် (Healthy Eating) ကိုပဲ စားသင့်ပါတယ်။

– အစာကို နည်းနည်းနဲ့ တစ်နေ့တာအတွင်း ခြောက်ကြိမ်စားပေးရပါမယ်။ မနက်ခြောက်နာရီတစ်ကြိမ်၊ မနက် ရှစ်နာရီတစ်ကြိမ်၊ မနက် ၁၀ နာရီတစ်ကြိမ်၊ ညနေသုံးနာရီတစ်ကြိမ်၊ ညခြောက်နာရီတစ်ကြိမ်၊ ညရှစ်နာရီတစ်ကြိမ် စုစုပေါင်းခြောက်ကြိမ် စားပေးရပါမယ်။ တစ်ကြိမ်စားရင် နည်းနည်းပဲစားပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ကျန်းမာရေးအတွက် သင့်တော်ပါတယ်။

– နွားနို့သောက်ပေးရပါမယ်။ ညရှစ်နာရီနောက်ပိုင်းမှာ နွားနို့သောက်ပေးရပါမယ်။

– အစိမ်းရောင်အရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးရပါမယ်။

– ဟင်းအနှစ်တွေ၊ အဆီအနှစ်တွေကို ရှောင်သင့်ပါတယ်။

ဒီလိုမျိုး ကျန်းမာရေးနဲ့အညီ စားသောက်ပြီး စိတ်ကျန်းမာရေးအတွက် သက်ဆိုင်ရာ ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေကို မှန်မှန်မှီဝဲမယ်ဆိုရင် ကျန်းမာနေမှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top