Healthy Life Ad
Local

သွေးအသွားအလာ လိုအပ်နေသော နာတာရှည် လူနာများကို သိပ္ပံနည်းကျ ပြုလုပ်ထားသော ကြပ်ထုပ်ထိုးခြင်းဖြင့် ပျောက်ကင်းနိုင်ကြောင်းသိရ

၊ အေးမို့မို့ဇော် ၊

သွေးအသွားအလာ လိုအပ်နေသော နာတာရှည်လူနာများကို သိပ္ပံနည်းကျပြုလုပ်ထားသော ကြပ်ထုပ်ထိုးခြင်းဖြင့် ပျောက်ကင်းနိုင်ကြောင်း ယင်းဆေးနည်းကို ပြုစုခဲ့သူ ဒေါက်တာခင်စန္ဒာလင်းက ပြောကြားခဲ့သည်။

ယင်းသိပ္ပံနည်းကျဖြင့်ပြုလုပ်ထားသော ကြပ်ထုပ်ထိုးခြင်းတွင် ပါဝင်ပစ္စည်းအဖြစ် နှမ်းကို အဓိကထားကာ အသုံးပြုထားကြောင်း သိရသည်။ အဆိုပါမြန်မာ့ရိုးရာဆေးနည်းကို ၂၀ဝ၈ ခုနှစ်ကတည်းက စင်ကာပူနိုင်ငံတွင် သုတေသနပြုစုကာ ဖော်ထုတ်ခဲ့ပြီး၊ ယင်းကြပ်ထုပ်ထိုးခြင်းဖြင့် သွေးအသွားအလာ လိုအပ်နေသော နာတာရှည်ရောဂါသည်များ၊ သွေးအားနည်းသူများ၊ သွေးကြောပိတ်ဆို့နေသူများ၊ ကိုယ်ခံအားနည်းသူများ၊ ဆီးချိုရောဂါသည်များကို ကုသပေးနိုင်ကြောင်း သိရသည်။

“မြန်မာ့ရိုးရာဆေးပညာကို သိပ္ပံနည်းကျ ပြန်လည်ချဉ်းကပ်ပြီးတော့ လူနာတွေအတွက် အကျိုးရှိအောင်ပေါ့။ ပညာရပ်အနေနဲ့ကော၊ ကုသရေးအနေနဲ့ကော၊ နိုင်ငံစီးပွားရေးအနေနဲ့ပါအကျိုးရှိအောင် ကြပ်ထုပ်ကုထုံးကို ရိုးရာကု ထုံးတွေအများကြီးထဲကမှ ရွေးလိုက်ပါတယ်။ သူ့ကို သိပ္ပံနည်းကျ ပြုစုတယ်။ဘယ်လောက် အကျိုးရှိလဲဆိုတာ စမ်းသပ်ခဲ့ပါတယ်။ ဆီးချိုရောဂါသည်တွေမှာဆိုရင် သူတို့မှာဆီးချိုကြောင့် သွေးကြောတွေက ကျဉ်းလာတယ်လေ။ သူတို့မှာ သွေးအသွားအလာနည်းတဲ့အတွက်ကြောင့် ခြေထောက်ပုပ်တာတို့၊ မျက်လုံးမမြင်ရတာတို့ဖြစ်တယ်ပေါ့။ အဲ့ဒီတော့ ကျွန်မတို့က သွေးအသွား အလာကိုတိုးတက်အောင် လုပ်ပေးလိုက်တဲ့ အတွက် သူတို့သောက်တဲ့ဆေးတွေမှာလည်း အာနိသင် ပိုရှိလာတဲ့သဘောပါ”ဟု ဒေါက်တာခင် စန္ဒာလင်းက ပြောသည်။

ယင်းကြပ်ထုပ်ထိုးခြင်းဆေးနည်းဖြင့် ကုသမှုတွင်သွေးအသွားအလာလိုအပ်နေသည့် လူနာ ၁၀ ဦးတွင် ၉ ဦးမှာ သက်သာနေကြောင်း သိရ သည်။ ဆေးကုသခြင်းတွင် ကျန်းမာရေးစစ် ဆေး၍ရသည့် အချက်အလက်များကို အခြေခံ၍ ကုသပေးနေကြောင်းနှင့် ယင်းကုထုံးဖြင့်ကုသလို သူများ အနေဖြင့် အမှတ်၁၉၈၊ သံသုမာလမ်း၊ တောင်ဥက္ကလာပမြို့နယ်သို့ ကုသမှုခံယူနိုင်ကြောင်း သိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top