Healthy Life Ad
International

အသက် ၈၅ နှစ်အရွယ်တွင် မာရသွန်စံချိန်ချိုးသူ အမျိုးသား

၊ မိုးမင်းထွန်း ၊

ကနေဒါနိုင်ငံမှ အသက် ၈၅ နှစ်အရွယ် မာရသွန်အပြေးသမားတစ်ယောက်ဟာ ၄နာရီမပြည့်ခင် အချိန်အတွင်း ပန်းဝင်နိုင်ခဲ့တဲ့ အသက်အကြီးဆုံး ကစားသမားဖြစ်လာခဲ့ကာ အနားယူဖို့ အစီအစဉ် မရှိသေးဘူးလို့ သိရပါတယ်။

အက်ဒ်ဝစ်လော့ခ်က သူ့အသက်ထက်ဝက်ရှိ သူတွေရဲ့စံချိန်နှုန်းအတိုင်း ပြေးနိုင်နေဆဲဖြစ်ကာ သူရဲ့ကြံ့ခိုင်မှုအတွက် လူတိုင်းအံအားသင့်ရပါတယ်။ အက်ဒ်က မာရသွန်ပြိုင်ပွဲမှာ ၃ နာရီ၊ ၅၆မိနစ်၊ ၃၄ စက္ကန့်နဲ့ ပန်းဝင်နိုင်ခဲ့ပြီး အသက် ၇၃နှစ်အရွယ်က ၂ နာရီ ၅၄ မိနစ် ၄၈ စက္ကန့်နဲ့ ပန်းဝင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ လူတွေက ထင်တာထက် ပိုမိုစွမ်းဆောင်နိုင်ကြောင်းနဲ့ ဒီလိုဖြစ်ဖို့ထိုက်တန်တဲ့ အား ထုတ်ဖို့လိုကြောင်း အက်ဒ်ကပြောပါတယ်။

ခန္ဓာကိုယ်အစွမ်း ရှိနေသေးသမျှပြေးနေ ဦးမှာဖြစ်ကြောင်းနဲ့ ဘယ်အချိန်မှာ ရပ်တန့်မလဲဆိုတာ မပြောနိုင်ကြောင်း ပြောပြပါတယ်။ အက်ဒ်က အသက် ၄၄နှစ်မှာ မာရသွန်ပြိုင်ပွဲ စတင်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူရဲ့ အကောင်းဆုံးစံချိန်က အသက် ၄၈နှစ်အရွယ် ၁၉၇၉ ခုနှစ်ပြိုင်ပွဲမှာဖြစ်ပြီး လက်ရှိကမ္ဘာ့စံချိန်နဲ့ နာ ရီဝက်သာလျော့နည်းပြီး ပန်းဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

(Ref; MTO)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top