Healthy Life Ad
Life Style

ဂေါ့ဖ်ရိုက်သူတို့အတွက် အာဟာရ

၊ ငွေကြယ်စင်ယံ ၊

ဂေါ့ဖ်(ွသူ်)ရိုက်တာက သန်စွမ်းမှု၊ ပျော့ပျောင်းမှု၊ နည်းလမ်းကျမှုနဲ့ အာရုံစိုက်နိုင်စွမ်းတို့ကို ကိုယ်စားပြုတဲ့ ဂိမ်းကစားနည်း တစ်မျိုးဖြစ်ပါတယ်။ ဂေါ့ဖ်ရိုက်တဲ့အခါ ဦးနှောက်က လုံလုံလောက်လောက် အလုပ်လုပ်ဖြစ်စေဖို့ အစားအသောက်လိုအပ်သလို ကြွက်သားတွေစိုပြည်စေဖို့ အရည်လည်း အပြည့်အဝလိုအပ်ပါတယ်။ ကြွက်သားနဲ့ နာ့ဗ်ကြောတွေတစ်ခုနဲ့ တစ်ခုချိတ်ဆက်အလုပ်လုပ်နိုင်ဖို့ သတ္တုဓာတ်တွေကလည်း အရေးပါပါတယ်။

ပျမ်းမျှအားဖြင့် ဂေါ့ဖ် ၁၈ကျင်းရိုက်ရင် ကြာချိန်က ၂၂၇ မိနစ် ရှိပြီး ခြေလှမ်းပေါင်း နှစ်သောင်းခုနစ်ထောင်ခန့် လျှောက်ရပါတယ်။ ဒါကြောင့် အာဟာရဓာတ် အများအပြား လိုအပ်နေပါတယ်။ သင်က အပျော်တမ်းဂေါ့ဖ်ရိုက်ကစားသမားပဲဖြစ်ဖြစ်၊ ပရော်ဖက်ရှင်နယ် ဂေါ့ဖ်ရိုက်သမားပဲဖြစ်ဖြစ် ဂေါ့ဖ်ရိုက်တဲ့အခါ အကောင်းဆုံးစွမ်း ဆောင်ရည်ပြည့်ဝစေဖို့ ဘယ်လိုအာဟာရတွေကို စားသောက်သင့်သလဲဆိုတာ အကြံပြုပါရစေ။

ဂေါ့ဖ်မရိုက်ခင်ဘယ်လိုအစားအသောက်တွေ စားသင့်သလဲ . . .
ဂေါ့ဖ်မရိုက်ခင် အချိန် ၃-၄ နာရီအလိုကတည်းက ထမင်းလို အစာကြီး တစ်နပ်စားထားပါ။ အစာများများစားပြီး လေးနာရီလောက် ကြာရင် အစာကြေညက်ပြီလို့ ဆိုနိုင်ပေမယ့် အစာကို နည်းနည်းနဲ့ မကြာခဏစားတာက ပိုကောင်းပါတယ်။

ဂေါ့ဖ်ရိုက်နေစဉ် အတောအတွင်း ဘာတွေစားနိုင်သလဲ . . .
နံနက်ခင်း ဂေါ့ဖ်ရိုက်နေစဉ်အတောအတွင်း ကြက်ဥနဲ့ ရောကြော်ထားတဲ့ ပေါင်မုန့်ညိုတစ်ချပ်၊ ဒိန်ချဉ် ဒါမှမဟုတ် ကွေကာ စတာတွေကိုစားပေးပါ။

နေ့ခင်း ဂေါ့ဖ်ရိုက်တဲ့အချိန်မှာတော့ ဆင်းဒဝှစ်ချ်မုန့် တစ်ချပ် ဒါမှမဟုတ် စွပ်ပြုတ်နဲ့ ဟင်းရွက်သုပ်တို့ကို စားပေးပါ။
ဂေါ့ဖ်ရိုက်နေစဉ်အတောအတွင်း စွမ်းအင်အပြည့်အဝ ရရှိစေဖို့ သရေစာကို နည်းနည်းချင်းစီ စားပေးသင့်ပါတယ်။
ဂေါ့ဖ်စရိုက်ပြီး မကြာခင်မှာ ဆင်းဒဝှစ်ချ်မုန့် တစ်ဝက်၊ ဒိန်ချဉ် အေးတစ်ခွက်၊ သစ်သီးခြောက်တစ်ခွက်ကို စားသင့်ပါတယ်။ စည်းမျဉ်းအရ ဒီအစာမှာ ကယ်လိုရီ ၂၀ဝခန့်ပဲ ပါသင့်ပြီး ကာဗိုဟိုက်ဒရိတ် ၁၅- ၃၀ ဂရမ်ပါဝင်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတွေ အဓိကသုံးတဲ့ စွမ်းအင်အရင်းအမြစ်က ကာဗိုဟိုက်ဒရိတ် ဖြစ်လို့ပါ။

အချိန်ကြာကြာ ဂေါ့ဖ်ရိုက်မယ်ဆိုရင် ဘယ်လိုအာဟာရတွေ ဖြည့်တင်းသင့်သလဲ . . .
ဂေါ့ဖ်ရိုက်ချိန် ၄-၅ နာရီကြာသွားရင် သင့်ခန္ဓာကိုယ်ကို ကာဗိုဟိုက်ဒရိတ်ပါတဲ့ သရေစာအနည်းငယ်နဲ့ ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်လာပြန်ပါတယ်။ ဂေါ့ဖ်ရိုက်ချိန် ၁-၂ နာရီ ကြာတိုင်း အာဟာ ရဓာတ် အနည်းငယ်ဖြည့်တင်းလိုက်ပါ။ တကယ်တော့ သရေစာဆိုရင် ကာဗိုဟိုက်ဒရိတ် ၂၀-၃၀ဂရမ်ပဲ လိုအပ်ပါတယ်။ သရေစာက သစ်သီးတစ်လုံး၊ ခရက် ကာမုန့် ၆-၈ ချပ် ဒါမှမဟုတ် အားကစား သမားသုံး ဖျော်ရည်တစ်ခွက် ဖြစ်သင့်ပါတယ်။

ရေဓာတ်ဖြည့်တင်းပါ
သင့်ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်ပမာဏကြောင့် ကြွက်သားတွေရဲ့ ခံနိုင်ရည်နဲ့ ဂေါက်ရိုက်ရာမှာ လက်ကို လွှဲယမ်း နိုင်စွမ်းတို့ကို အားနည်းစေပါတယ်။ ဒါကြောင့် ရေဓာတ်ပြည့်ဝနေစေဖို့ အောက်ပါအရည်တို့ကို သောက်ပါ။

– ရေကတော့ အကောင်းဆုံးသောက်သင့်တဲ့ အရည်ဖြစ်ပါတယ်။

– ဂေါ့ဖ်မရိုက်ခင် ၁၅-၃၀ မိနစ်အလိုမှာ ရေ ၁၅ အောင်စ သောက်ပါ။

– ဂေါ့ဖ်ရိုက်ချိန် ၁၅-၂၀ မိနစ်ကြာတိုင်း ရေ ဒါမှမဟုတ် ဖျော် ရည်လေးအောင်စ- ရှစ်အောင်စသောက်ပေးပါ။ (ရေတစ်အောင်စဆိုတာ ရေခပ်ကြီးကြီး တစ်ငုံစာနဲ့ ညီမျှတယ်လို့ အလွယ်မှတ်နိုင်ပါတယ်။)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top