Healthy Life Ad
Health Tips

ရာသီအကူးအပြောင်းကာလ အဖြစ်များသည့် အအေးမိဝေဒနာအတွက် အာဟာရ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ရာသီအကူးအပြောင်းကာလမှာ ရံဖန်ရံခါ ဖြစ်တတ်တဲ့ အအေးမိဝေဒနာကို တွန်းလှန်နိုင်ဖို့ရာအတွက် စားသင့်တဲ့ အကောင်းဆုံး အစာတွေနဲ့ ရှောင်သင့်တဲ့အစာတွေကို ရေးသားလိုက်ရပါတယ်။

– ကြက်စွပ်ပြုတ်
ကြက်စွပ်ပြုတ်ပူပူလေးကို သောက်တာကြောင့် Cysteine ဓာတ်ရရှိစေကာ ပါးလွှာတဲ့ အချွဲမြှေးတွေကို ကင်းစင်စေပြီး ချွဲကျပ်တာကို သက်သာစေပါတယ်။ ကြက်စွပ်ပြုတ်တစ်ခွက်သောက်တဲ့အတွက် အဆုတ်ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

– ဒိန်ချဉ်
အေးမြတဲ့ ဒိန်ချဉ်နဲ့ တခြား နို့ထွက်ပစ္စည်းတွေ မှာ ဇင့်(သွပ်)ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ကိုယ် ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။

– အချဉ်အရသာရှိသော သစ်သီးဝလံနှင့် ဘယ်ရီ သီးများ
ဗီတာမင်စီက အအေးမိဝေဒနာကို မကာကွယ်နိုင်ပါဘူး။ ဒါပေမဲ့ လေ့လာမှုတွေအရ ဗီတာမင်စီ ပါဝင်မှုများတဲ့ ချဉ်တဲ့ သစ်သီးဝလံတွေနဲ့ ဘယ်ရီသီး တွေကို များများစားတာကြောင့် အအေးမိဝေဒနာခံ စားနေရချိန်မှာ အမြန်ဆုံးသက်သာရာ ရစေကြောင်း သိရပါတယ်။ ချဉ်တဲ့ သစ်သီးတွေနဲ့ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးတို့လို ဘယ်ရီသီးတွေမှာ ဟစ္စတာမင်းကို ဟန့်တားပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် နှာခေါင်းဝေဒနာတွေကို သက်သာစေပါတယ်။

– ပူစပ်သော ဟင်းခတ် အမွှေးအကြိုင်များ
ကြက်သွန်ဖြူ၊ နနွင်း၊ ပူစပ်တဲ့ ငရုတ်သီးနဲ့ တခြားဟင်းခတ်အမွှေးအကြိုင်တွေက နှာစေးတာနဲ့ နှာ ပိတ်တာတွေကို လျော့ပါးသက်သာစေပါတယ်။

– အသားနှင့် ကမာ
အသားနဲ့ ကမာမှာ ပရိုတင်းဓာတ် ပါဝင်တဲ့အ ပြင် ဇင့်(သွပ်)ဓာတ် ပါဝင်မှု မြင့်မားတာကြောင့် အ အေးမိဝေဒနာခံစားရချိန်မှာ စားပေးသင့်ပါတယ်။

– ရှောင်ကြဉ်ရန် –

– အယ်လ်ကိုဟော

အအေးမိဝေဒနာ အမြန်သက်သာစေဖို့ ရေနဲ့ အရည်များများကို သောက်သင့်ပါတယ်။ ဒါပေမဲ့ အယ်လ်ကိုဟောပါတဲ့ အရည်ကို ရှောင်ပါ။ ဝိုင်၊ ဘီယာနဲ့ တခြား အယ်လ်ကိုဟောပါတဲ့ အရည်တွေက ခန္ဓာကိုယ်ရဲ့ ကူးစက်ပိုးတွေကို တွန်းလှန်နိုင်စွမ်းကို လျော့ကျစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top