Healthy Life Ad
Health Tips

ဂျူးဖူး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ချိုမြပြီး ကြက်သွန်နီလို အနံ့မျိုးရှိတဲ့ ဂျူးဖူးကို အသားတွေကြော်ရာမှာ ရောထည့်လေ့ရှိကြပါတယ်။ ဂျူးဖူးအရသာကို ကြိုက်နှစ်သက်သူတို့အတွက် ဂျူးဖူးမှာ ပါဝင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရေးသားဖော်ပြလိုက်ရပါတယ်။

– ကယ်လိုရီပါဝင်မှု အလွန်လျော့နည်းပါတယ်
လတ်ဆတ်စိမ်းစိုတဲ့ ဂျူးဖူး ၁၀ဝဂရမ်မှာ ၃၀ ကယ်လိုရီပဲ ပါဝင်ပါတယ်။ ကယ်လိုရီပါဝင်မှု နည်းတဲ့အပြင် ကျန်းမာရေး တန်ဖိုးရှိတဲ့ ဖလေဗိုးနွိုက် အင်တီအောက်ဆီးဒင့်၊ အမျှင်ဓာတ်၊ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ အများအပြား ပါဝင်တာကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ပါဝင်ပါတယ်။

– အမျှင်ဓာတ် ပါဝင်မှုများပါတယ်
တခြား ကြက်သွန်နီ၊ ကြက်သွန်မြိတ်စတဲ့ Allium မျိုးနွှယ်တွေထက် ဂျူးဖူးမှာ အပင်ထွက် အမျှင်ဓာတ် အများအပြား ပါဝင်နေပါတယ်။ လတ် ဆတ်တဲ့ ဂျူးဖူး ၁၀ဝ ဂရမ်မှာ တစ်နေ့တာ လိုအပ် တဲ့ အမျှင်ဓာတ် ၂ ဒသမ ၅ ဒါမှမဟုတ် ၇ ရာခိုင် နှုန်း ပါဝင်နေပါတယ်။

– အင်တီအောက်ဆီးဒင့် ပါဝင်မှုများပါတယ်
တခြား Allium မျိုးနွယ်ဝင်တွေလိုပဲ ဂျူးဖူး မှာ သိုင်ယိုဆာလ်ဖိုင်နိုက် အင်တီအောက်ဆီးဒင့် ပါဝင်မှုများလွန်းပါတယ်။ သိုင်ယိုဆာလ်ဖိုင်နိုက်ဟာ အယ်လီစင်အဖြစ်ကူးပြောင်းသွားပါတယ်။ အယ် လီစင်က အသည်းဆဲလ်တွေထဲရှိ HMG-CoA reductase အင်ဇိုင်းကို တားဆီးပြီး သွေးတွင်းကို လက်စထရောအဆင့်ကို လျော့ကျစေတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ဒါ့အပြင် ဂျူးဖူးမှာ ဘက်တီးရီးယား ပိုးတွေကို ကင်းစေတာ၊ ဗိုင်းရပ်စ် ပိုးတွေ သေစေတာနဲ့ ဖန်းဂတ်စ်မှိုပိုးတွေကို တွန်း လှန်နိုင်တာစတဲ့ အစွမ်းသတ္တိတွေလည်း ရှိကြောင်း သိရပါတယ်။

– သွေးကြောမာကြောတောင့်တင်းမှုကို ပြေလျော့ စေပါတယ်
ဂျူးဖူးစားလို့ရရှိနိုင်တဲ့ အယ်လီစင်ဟာ သွေးကြောတွေကို ပျော့ပျောင်းစေပါတယ်။ ဒါကြောင့် သွေးတိုးကျစေတာဖြစ်ပါတယ်။ ဂျူးဖူးဟာ သွေးကြောထဲမှာ Fibrinolyticအာနိသင်ရှိတာကြောင့် သွေးခဲဖြစ်ပေါ်မှုကို ဟန့်တားပိတ်ပင်ပေးနိုင်ပါတယ်။ ဒါကြောင့် နှလုံး သွေးကြောကျဉ်းရောဂါ၊ သွေးကြောပိတ်ဆို့မှုနဲ့ လေ ဖြတ်တာတို့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

– ဗီတာမင်အေ များစွာ ပါဝင်ပါတယ်
ဂျူးဖူးမှာ တခြား Allium မျိုးနွယ်တွေထက် ဗီ တာမင်အေ ပါဝင်မှု ပိုများပါတယ်။ ဂျူးဖူး ၁၀ဝ ဂရမ် မှာ ဗီတာမင် အေ ၄၃၅၃ အိုင်ယူ ဒါမှမဟုတ် တစ်နေ့တာလိုအပ်တဲ့ ပမာဏရဲ့ ၁၄၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဒါ့အပြင် ဂျူးဖူးမှာ ဖလေဗိုးနွိုက် အင်တီအောက်ဆီးဒင့်တွေဖြစ်ကြတဲ့ ကာရိုတင်း၊ ဇီဇန်သင်းနဲ့ လူတင်းတို့ ပါဝင်နေပါတယ်။ ဒီဒြပ် ပေါင်းတွေက အဆုတ်နဲ့ခံတွင်းကင်ဆာတွေ မဖြစ် အောင် လူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်ပါတယ်။

– ဗီတာမင်စီနဲ့ ဗီတာမင်ကေတို့ ပါဝင်ပါတယ်
ဗီတာမင်စီနဲ့ ဗီတာမင်ကေတို့လို မရှိမဖြစ်ဗီတာ မင်တွေလည်း ပါဝင်နေပါတယ်။ ဂျူးဖူးဟာ ဗီတာမင် ကေပါဝင်မှု အများဆုံး ဟင်းသီးဟင်းရွက်ထဲမှာ တစ်မျိုးအဖြစ် ပါဝင်ပါတယ်။ လတ်ဆတ်တဲ့ ဂျူးဖူး ၁၀ဝ ဂရမ်မှာ တစ်နေ့တာ လိုအပ်တဲ့ဗီတာမင်ကေ ၁၇၇ ရာခိုင်နှုန်းပါဝင်ပါတယ်။ ဗီတာမင်ကေဟာ အရိုးဖြစ်ပေါ်ဖို့နဲ့ သန်စွမ်းဖို့ အားပေးတာကြောင့် အရိုးကျန်းမာရေးအတွက်အရေးပါပါတယ်။ အစား အသောက်ထဲမှာ လုံလောက်တဲ့ ဗီတာမင်ကေကို ထည့်တာကြောင့် ဦးနှောက်ထဲက နျူရွန်ထိခိုက်မှုကို ကန့်သတ်နိုင်ပြီး အယ်လ်ဇိုင်းမားရောဂါကာ ကွယ်ကုသရေးမှာ အသုံးဝင်ပါတယ်။

– ဖောလိတ်ဓာတ်များများ ပါဝင်ပါတယ်
လတ်ဆတ်တဲ့ ဂျူးဖူးမှာ ဖောလိတ်ဓာတ်ပါဝင်မှု မြင့်မားပါတယ်။ ဂျူးဖူး ၁၀ဝဂရမ်မှာ တစ်နေ့တာ လိုအပ်တဲ့ ဖောလိတ် ၂၆ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဖောလစ်အက်စစ်(ဖောလိတ်)ဟာ ဒီအင်န်အေ တည် ဆောက်မှုနဲ့ ဆဲလ်ကွဲမှုတို့အတွက် မရှိမဖြစ် အရေးပါ ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း လုံလောက်တဲ့ ဖောလိတ်ပမာဏမှီဝဲတာကြောင့် မွေးလာတဲ့ကလေးငယ်မှာ မွေးရာပါ ချို့ယွင်းမှု မပါအောင် ကာကွယ်ပေးနိုင်ပါတယ်။

– ဗီတာမင်ဘီအုပ်စု ပါဝင်မှုများပါတယ်
ဂျူးဖူးမှာ ကြေးနီ၊ သံဓာတ်၊ မဂ္ဂနိစ်၊ ဇင့်(သွပ်)နဲ့ ကယ်လ်စီယမ်စတဲ့ မရှိမဖြစ် အရေးပါတဲ့ သတ္တု ဓာတ်တွေအပြင် ဗီတာမင်ဘီအုပ်စု ပါဝင်နေတာ ကြောင့် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top