Healthy Life Ad
Life Style

သင့်လုပ်ငန်းခွင်နေရာက ပြောပြနေသည့်စိတ်နေ သဘောထား

၊ ကိုထက် ၊

တက္ကဆက်ပြည်နယ်ရှိ တက္ကသိုလ်တစ်ခုမှ လေ့လာမှုစစ်တမ်းတွေအရ အလုပ်သမားတစ်ယောက်ရဲ့ အလုပ်နေရာကိုကြည့်ပြီး ထိုသူရဲ့ စိတ်နေသဘောထားနဲ့ အလုပ်ပေါ်ထားတဲ့ စိတ်ထားကို ခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်။ စိတ်နေသဘောထားကောင်းသူတွေဟာ ယေဘုယျအားဖြင့် သူတို့ရဲ့လုပ်ငန်းခွင်နေရာကို မိမိစိတ်တိုင်းကျ အပြင်အဆင်လေးတွေ လုပ်ထားလေ့ရှိတယ်လို့ဆိုပါတယ်။

အလုပ်စားပွဲပေါ်တွင် ရှင်းလင်းပြီးဘာမှမရှိလျှင်

– စိတ်ဝင်စားမှု အားနည်းသူပါ

မိမိရဲ့ အလုပ်စားပွဲပေါ်မှာ သပ်သပ်ရပ်ရပ်ရှင်းလင်းထား တာမျိုးမဟုတ်ဘဲ ဘာပစ္စည်းမှမရှိဘဲ ပြောင်ရှင်းနေသူတွေဟာ အများအားဖြင့်တော့ မိမိအလုပ်ထဲမှာ စိတ်ဝင်စားမှုနည်းနေသူ တွေဖြစ်တတ်ကြတယ်လို့ဆိုပါတယ်။ လူမှုဆက်ဆံရေးမှာလည်း အားနည်းတတ်ကြပြီး စိတ်ခံစား ချက်ကိုဦးစားပေးတတ်ကြတယ် လို့ဆိုပါတယ်။ ပေါ့ပေါ့ပါးပါးနေ တတ်တဲ့စိတ်ကြောင့် အပူအပင်နဲ့ စိတ်ဖိစီးမှုတွေတော့ နည်းတဲ့သူတွေဖြစ်ကြပါတယ်။

ပစ္စည်းအများအပြား အပြည့်တင်ထားတတ်လျှင်

– ပျော်ပျော်နေတတ်သူပါ

စားပွဲပေါ်မှာ အလုပ်နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေသာမကပဲ အလုပ်နဲ့မသက်ဆိုင်တဲ့ပစ္စည်းတွေ ဥပမာချိုချဉ်ဘူးတွေ၊ မုန့်ထုပ်တွေစသဖြင့် အစုံတင်ထား တတ်သူတွေဟာ အလုပ်ထဲမှာ ပျော်ပျော်ရွှင်ရွှင်ရှိနေ ကြသူတွေပဲဖြစ်တယ်လို့ဆိုပါတယ်။ အပေါင်းအသင်း ဝင်ဆံ့သူတွေဖြစ်ပြီး ပျော်ပျော်နေတတ်သူတွေပါ။ စားပွဲပေါ်ကပစ္စည်းမျိုးစုံက မိမိအလုပ်အတွက် လိုအပ်လို့တင်ထားတာတွေပါသလို တခြားသူတွေမိမိနားကို မကြာခဏလာလည်စေလိုတဲ့သဘောနဲ့ အများလိုအပ်တဲ့ပစ္စည်းတွေကိုပါ တင်ထားတတ်ကြတယ်လို့ဆိုပါတယ်။

စိတ်ခွန်အားပေးစာတန်းတွေ ကပ်ထားလျှင်

– ကြီးပွားတိုးတက်လိုစိတ်ရှိသူပါ

အလုပ်စားပွဲနဲ့ အလုပ်နေရာအနီးအနားတွေမှာ စိတ်ခွန်အားပေးတဲ့ စာတန်းတွေ၊ ရုပ်ပုံတွေ ချိတ်ဆွဲထားတတ်ကြသူတွေဟာ အောင်မြင်လိုစိတ်ရှိသူတွေ ဖြစ်ကြတယ်လို့ဆိုပါတယ်။ ဘယ်အရာကိုလုပ်လုပ် ရည်မှန်းချက် ပန်းတိုင်ထားပြီး လုပ်တတ်ကြသူတွေ ဖြစ်ကြပါတယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းလေ့ရှိတတ်ကြပြီး မိမိအရည်အချင်းကို အသိအမှတ်ပြုအောင် သက်သေပြလေ့ရှိကြသူ တွေဖြစ်တယ်လို့ဆိုပါတယ်။

မှတ်စုစာတိုလေးတွေ အမျာအပြားကပ်ထားလျှင်

– စိတ်ပြန့်လွင့်နေတတ်သူပါ

အလုပ်ကိစ္စတွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ မှတ်ထားတဲ့စာတိုလေးတွေ ပတ်ပတ်လည်ကပ်ထား တတ်သူတွေဟာ အလုပ်ကြိုးစားနေပေမယ့်လည်း စိတ်ပြန့်လွင့်နေပြီး အလုပ်မပြီးမြောက်သူတွေများတယ်လို့ ဆိုပါတယ်။ ပြဿနာဖြေရှင်းနိုင်စွမ်းအား နည်းသူတွေလည်း ဖြစ်တတ်ကြပြီး မိမိအစွမ်းရှိသလောက် အောင်မြင်မှုမရဘဲ ရှိနေတတ်ကြပါတယ်လို့ ဆိုထားပါတယ်။

မိသားစုဓာတ်ပုံလေးများ ထားတတ်လျှင်

– အလုပ်ကြိုးစားသူပါ

မိသားစုဓာတ်ပုံ၊ ချစ်သူဓာတ်ပုံတွေကို အနီးအနားထောင်ထားတတ်သူတွေဟာ အများအားဖြင့် ရိုးသား ကြိုးစားသူတွေဖြစ်ကြပါတယ်လို့ဆိုပေမယ့် အခြေအနေနှစ်ရပ်ရှိပါသေးတယ်။ တစ်ခုက ဓာတ်ပုံတွေကို အများမြင်မယ့်နေရာမှာတင်ထား၊ ပြထားတတ်သူတွေဟာ အလုပ်ကြိုးစားတာထက် စိတ်ကူးယဉ်နေတာက ပိုများတတ်ကြပြီး မိမိမြင်သာလောက်တဲ့ နေရာမှာသာထားထားတတ်သူတွေကတော့ ချစ်တဲ့သူတွေအနားမှာထက်အလုပ်မှာပဲ ပိုပြီးအချိန်ပေး ကြိုးစားနေသူတွေဖြစ်ကြပါတယ်လို့ ဆိုထားပါတယ်။

စားပွဲအနီးတွင် အပင်ငယ်လေးများ ထားတတ်လျှင်

– စွဲစွဲမြဲမြဲရှိသူပါ

အလုပ်စားပွဲ အနီးအနားမှာ အပင်လေးတွေ ထားထားတတ်သူတွေဟာ အလုပ်ပေါ်မှာ စိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မဝင်စားသည်ဖြစ်စေ သေချာတာက ဒီအလုပ်မှာရေရှည်လုပ်မယ့် အစီအစဉ်ရှိနေတာတော့ သေချာသလောက်ပါပဲလို့ ဆိုထားပါတယ်။ အလုပ်အပေါ်စွဲစွဲမြဲမြဲရှိပြီး အလုပ်ကြိုးစားသူတွေလည်းဖြစ်ကြပါတယ်။ စိတ်သဘောထားကောင်းပြီး လူမှုဆက်ဆံရေး ပြည့်ဝသူတွေဖြစ် တတ်ကြပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top