Healthy Life Ad
International

၉၄ နှစ်အရွယ်တွင် ဘွဲ့ရသည့် ဘွားဘွားက မာစတာဘွဲ့ ထပ်ယူမည်

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု ဟာဝိုင်ရီမှ အေမီခရေတွန်ဟာ ၁၉၆၂ ခုနှစ်က ဝိဇ္ဇာဘွဲ့ယူဖို့တက္ကသိုလ်မှာ စာရင်း သွင်းခဲ့ပေမယ့် ကလေးလေးယောက်ကို ထိန်းကျောင်းဖို့အတွက် ကျောင်းထွက်ခဲ့ရပါတယ်။ နောက်ထပ် နှစ်၅၀ကြာ ပြီးနောက်မှာ အသက် ၉၄နှစ်ရှိနေပြီဖြစ်တဲ့ အေမီဟာ Southern New Hampshire တက္ကသိုလ်မှ အင်္ဂလိပ်မေဂျာဘွဲ့ကို အွန်လိုင်းကတစ်ဆင့်ရ ယူနိုင်ခဲ့ပါတယ်။ GPA ၄ ဒသမ ဝ ရရှိကာ ဘွဲ့ရခဲ့ခြင်းဖြစ်ပါတယ်။ ဘွဲ့ရတာ တကယ်ကောင်းပြီး လေ့လာစရာတွေ များစွာကျန်သေးတယ်လို့ အေမီက ဆိုပါတယ်။

ကိုယ်တိုင်ဘွဲ့နှင်းသဘင်အခမ်း အနားသို့ သွားရောက်မတက်နိုင်တာကြောင့် တက္ကသိုလ်ဥက္ကဌ အပါအဝင် ကျောင်းကောင်စီဝင်တွေနဲ့ ဆရာဆရာမတွေက အေမီ့ဆီလာရောက်ကာ ဘွဲ့လက်မှတ်လာရောက် ပေးအပ်ခဲ့ကြပါတယ်။ အေမီဟာ ဘဝတစ်လျှောက် သင်ကြားသူတို့ရဲ့စံပြဖြစ်ပြီး တခြားသူတွေအနေနဲ့လည်း အေမီကိုအတုယူပြီး သင်ယူဖို့ နောက်ကျတယ်ဆိုတာမရှိကြောင်း သိရှိစေချင်တယ်လို့ ကျောင်းဥက္ကဌလီဘလန့်ကပြောဆိုပါတယ်။

အေမီရဲ့ဆရာမ ခရစ်စန်ဒရာဘောရာကလည်း ဘွဲ့ရအောင် စွမ်းဆောင်နိုင်လိုက်တာနဲ့အတူ လူတွေ အများကြီးကို အားတက်စေကြောင်းနဲ့ အေမီ့ရဲ့ ပညာသင်ခရီးမှာ ပံ့ပိုးကူညီခွင့်ရခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာမိကြောင်း ပြောကြားခဲ့ပါတယ်။ အေမီက ဘွဲ့လွန်မာစတာဘွဲ့ထပ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။ကျောင်းပြန်တက်ဖို့ စဉ်းစားနေပြီဆိုရင် ချက်ချင်းအကောင်အထည်ဖော်လိုက်ဖို့နဲ့ ဒါက တကယ့် ဘဝအသစ် တစ်ခုရဲ့ လမ်းကြောင်းကို ဖွင့်ပေးပါလိမ့်မယ်လို့ အေမီက ပြောကြားပါတယ်။

(Ref; ABCNEWS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top