Healthy Life Ad
Q & A

သံပုရာသီးအရည် သောက်သုံးရင် . . .

မေး။ ။သံပုရာသီးအရည်ကို တခြားရေ၊ သကြားတွေနဲ့ မရောဘဲ သူ့ချည်းဘဲ အချဉ်အတိုင်းသောက်သုံးရင် အချဉ်ကြောင့် ခံတွင်းကစပြီး နုနယ်တဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေမှာ အချဉ်ကြောင့် ဘယ်လိုရောဂါတွေ ရရှိနိုင်ပါသလဲ။
အိမြတ်မွန် (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

ဖြေ။ ။ သံရာသီး၊ ရှောက်သီးမှာ ဗီတာမင်စီပါဝင်ပါတယ်။ ဗီတာမင်စီက သံဓာတ်စုပ်ယူမှုပိုစေပါတယ်။သာမန်သူတွေမှာ ပုံမှန်စားရုံနဲ့တော့ ဘာမှမဖြစ်ပါဘူး။ တန်ဆေးလွန်ဘေးဆိုသလို တာရှည်ဆက်တိုက် အလွန်အကျွံစားရင် ဒါမှမဟုတ် အသည်းခြောက်၊ အသည်းရောင်ရောဂါရှိရင် သံဓာတ်ပိုများတဲ့ အခြေအနေမျိုး ဖြစ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top