Healthy Life Ad
Health Tips

လူသူမရှိသော နေရာတွင် အော်ဟစ်ပစ်သင့်သည့် အခြေအနေလေးရပ်

၊ ငွေကြယ်စင်ယံ ၊

ကိုရီးယားကားတွေမှာကြည့်ရင် စိတ်ညစ်တဲ့အခါ ဟန်မြစ်ဘေးမှာ သွားအော်တာကို သတိထားမိမှာပါ။ အဲဒီနည်းက တကယ်စိတ်ပေါ့ပါးသွားစေပါတယ်။ အောက်ပါအခြေအနေလေးရပ်မှာ မျိုသိပ်ထားမယ့်အစား လူသူနည်းပါးတဲ့နေရာ ဒါမှမဟုတ် အလုံပိတ်ထားတဲ့ အခန်းထဲမှာ အော်ဟစ်ပစ်လိုက်တာက ကျန်းမာရေးကိုတောင် ပိုကောင်းစေတယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။

– ကိုက်ခဲနာကျင်နေသည့်အခါ
ယူကေရှိကီလိတက္ကသိုလ်လေ့လာမှုအရ အော်ဟစ်လိုက်တာကြောင့် နာကျင်ကိုက်ခဲမှုကို ခံနိုင်ရည်တိုးစေနိုင်တယ်လို့ သိရပါတယ်။

– စိတ်တိုနေသည့် အခါ
စိတ်တိုနေတဲ့အချိန်မှာ တစ်ယောက်တည်း အော်ဟစ်လိုက်တာက ဒေါသနဲ့ စိတ်အလိုမကျဖြစ် တဲ့ခံစားချက်ကို လွင့်ပြယ်သွားစေတယ်လို့ စိတ်ပညာရှင် ဂျွန်က ဆိုပါတယ်။

– အကူအညီမဲ့သကဲ့သို့ ခံစားနေရသည့်အခါ
အကူအညီမဲ့ပြီး အားငယ်သလို ခံစားရတဲ့ခါ တစ်ယောက်တည်းခွေနေမယ့်အစား အော်ဟစ်လိုက်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားစိတ်ကို မြင့်တက်လာစေပါတယ်။

– ဖုန်းလိုင်း မမိသည့်အခါ
ဖုန်းလိုင်းမမိတဲ့အခါ ဒါမှမဟုတ် ဖုန်းမအားတဲ့အခါ စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။ ဒီအချိန်မှာ စိတ်တိုဒေါသထွက်နေရင် တစ်ယောက်တည်း အော်ပစ်လိုက်ပါ။ စိတ်ပေါ့ပါးသွားပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top