Healthy Life Ad
Life Style

အချိန် – ဆေးလောကအမြင် (၂)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

နာတာရှည်ရောဂါများ
နာတာရှည်ရောဂါ (Chronic Disease)လို ဝေဒနာတစ်ခုဟာ ခံစားနေရတာ အကြာကြီးဖြစ်နေရင် ဘယ်လိုရောဂါတွေဖြစ်နိုင်မလဲဆိုတာ ဆက်ပြောပြပါမယ်။ အချိန်ကြာလေ ပိုဆိုးလာလေ ဖြစ်လာသလား၊ အချိန်ကြာလေ သက်သာလေလား၊ ဖြစ်လိုက်ကောင်းလိုက်ဖြစ်နေသလား၊ နှစ်နဲ့ချီပြီး အရမ်းကြာနေပြီလား စသဖြင့် သေသေချာချာသိရရင် ရောဂါအဖြေရဲ့ သဲလွန်စကို ပိုမိုလွယ်ကူစွာ ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

ဖြစ်လိုက် ပျောက်လိုက် ကြာနေသည့် ရောဂါ
အသက် ၃၀ အရွယ်ရှိ မေကြည်တစ်ယောက် ခေါင်းအရမ်းကိုက်လို့ ဆရာဝန်လာပြပါတယ်။ မိသားစု ဆရာဝန်က ဦးနှောက်အကျိတ်ဖြစ်မှာစိုးလို့ လွှတ်လိုက်တာ ဖြစ်ပါတယ်။

“မေကြည် ခေါင်းကိုက်တာ ဘယ်လောက်ကြာပြီလဲ”လို့ မေးလိုက်တဲ့အခါ-
“ငါးနှစ်ထက်မက ကြာပြီ၊ ဒီရောဂါက မပျောက်နိုင်ဘဲ ဒီတလော ပိုဆိုးလာလို့ ဦးနှောက်ထဲမှာ ကင် ဆာအကျိတ်ဖြစ်မှာစိုးလို့ လာရတာပါ”လို့ ဖြေပါတယ်။

ဒီလောက်နှစ်တွေ အရမ်းကြာနေပြီဆိုရင် ကင်ဆာတော့ မဖြစ်နိုင်တော့ပါဘူး။ ကင်ဆာရဲ့ သဘာဝလမ်းစဉ်က မကုဘဲထားရင် တစ်နှစ်တောင်မခံဘူး။ အခု ငါးနှစ်ရှိနေပြီဆိုတော့ ကင်ဆာကလွဲပြီး တခြား ဟာတွေပဲဖြစ်နိုင်တယ်”လို့ ဖြေပေးလိုက်တဲ့အခါ မေကြည်စိတ်ပေါ့သွားပါတယ်။

” ဒါဆို ခေါင်းကိုက်တာက အရမ်းဆိုးပြီး ကုလို့မပျောက်နိုင်တာ ဘာကြောင့်လဲ”လို့ သူကစောဒ ကတက်လာပါတယ်။

“ခေါင်းက ဆက်တိုက်ကိုက်နေတာလား၊ တစ် ခါနဲ့ တစ်ခါကြားမှာ လုံးဝပျောက်ကင်းနေသလိုရှိလား”လို့ဆရာမက မေးကြည့်တော့ မေကြည်က-

“အင်း . . ကောင်းရင်လည်း ဘာမှ မဖြစ်သလိုပဲ”လို့ ဖြေပါတယ်။
ဆရာမက-“ဒါက မိုင်ဂရိန်း (Migraine)လို့ ခေါ်တဲ့ ခေါင်းကိုက်ရောဂါတစ်မျိုးဖြစ်ဖို့ များတယ်။ ခေါင်းမှာရှိတဲ့ သွေးကြောတွေ မူမမှန်လို့ ဖြစ်တာ၊ တစ်သက်လုံးတောင် ကိုက်နေနိုင်တယ်၊ ကြားထဲမှာ အကြာကြီးလည်း ပျောက်သွားတတ်ပါတယ်။
ဒီလို ရောဂါဖြစ်နေတဲ့ အချိန်ရယ်၊ ဖြစ်ချိန်-ပျောက်ချိန်ပုံစံတွေကို နားလည်ရင်၊ အသုံးချတတ်ရင် ရောဂါအမည်ဖော်ထုတ်ရာမှာ အများကြီး အသုံးဝင်ပါတယ်။

ရောဂါတွေမှာ သူ့သဘာဝလမ်းစဉ်(Natural course of the disease)အတိုင်း ပြန်ကောင်းသွား တတ်တာရှိတယ်၊ ပြန်မကောင်းဘဲ အမြဲဒီအတိုင်းရှိတာလည်း ရှိပါတယ်။ တစ်ခါတစ်ရံ ပိုဆိုးလာပြီး အချိန်တစ်ခုရောက်ရင် ဒီ့ထက်အသက်ပိုမရှည်နိုင်တာရှိပါတယ်။ ဒီအကြောင်းအရာတွေကို သိထားရင် ရောဂါတချို့ကို မဟုတ်နိုင်ကြောင်း ပယ်ထုတ်ပြီးသား ဖြစ်သွားသလို ကျန်တဲ့ရောဂါတွေကိုသာ ထည့်သွင်း စဉ်းစားရတော့မှာမို့ စဉ်းစားရတာ ပိုလွယ်သွားပါတယ်။ ဖြစ်နိုင်တဲ့ရောဂါ နည်းသွားလို့ ရွေးချယ်ရတာ ပိုလွယ်ကူစေပါတယ်။ တစ်ခါတစ်ရံ ရောဂါတစ်မျိုး-နှစ်မျိုးပဲ ရွေးချယ်စရာ ကျန်တော့လို့ အလွယ်ကူဆုံး ဖြစ်သွားစေပါတယ်။
_ _ _

တချို့ရောဂါတွေမှာ သူ့သဘာဝဖြစ်စဉ် (natural course)အရ သူ့အလိုအလျောက် သုံးရက်ပဲကြာတဲ့ ရောဂါက သုံးရက်ကျော်ရင် ပျောက်ပါတယ်။ ဥပမာ-တုပ်ကွေးရောဂါ။ ငါးရက်ကြာတတ်တဲ့ရောဂါက ငါးရက်မရောက်မချင်း မပျောက်နိုင်ဘဲ ငါးရက်ကျော်တာနဲ့ သူ့အလိုအလျောက် အဖျားကျသွားတာရှိပါတယ်။ ဥပမာ-သွေးလွန်တုပ်ကွေးရောဂါ. . .

တဖြည်းဖြည်း ပိုဆိုးလာပြီး ကြာလွန်းသည့် ရောဂါ
အသက် ၃၅ နှစ်အရွယ်ရှိ ဒေါ်လှလှဟာ မောပြီး အသက်ရှူကြပ်လို့ ဆေးရုံတက်ရသူပါ။ တကယ်တော့ မောတဲ့ ရောဂါစတာက လွန်ခဲ့တဲ့ တစ်နှစ်ခွဲက ဖြစ်ပါတယ်။ ဓာတ်မှန်က တီဘီပဲလို့ ကောက်ချက်ချထားတာကြောင့် တီဘီဆေးကို ဆေးပတ်လည်တဲ့အထိ သောက်ခဲ့ပြီး ဖြစ်ပါတယ်။ မသက်သာလို့ ဆရာဝန်ပြောင်းပြတဲ့အခါ ဆေးယဉ်ပါးတီဘီထင်ရလို့ တီဘီဆေး ဒုတိယအကျော့တိုက်ဖြစ်ပါတယ်။ ဒါပေမဲ့ မောတဲ့ ဝေဒနာက လုံးဝ မသက်သာဘဲ တဖြည်း ဖြည်းပိုဆိုးလို့သာလာနေပါတယ်။

လူနာရဲ့ ရောဂါဖြစ်စဉ်နဲ့ ရောဂါကာလ (duration of illness)ကို သေချာစွာ မေးကြည့်လိုက်တဲ့အခါ သူ့ရောဂါ တဖြည်းဖြည်းပိုပိုဆိုးလာနေတဲ့ နာတာရှည်ရောဂါတစ်ခု ဖြစ် နိုင်ပါတယ်။ ဒီထဲမှာ တစ်နှစ်ခွဲကြာတဲ့အထိ ရောဂါတွေကိုပဲ ဦးစားပေးပြီးစဉ်းစားရင် ဖြစ်နိုင်ခြေ အလွန်နည်းတဲ့ အချိန်တို၊ အချိန်လတ်ရောဂါတွေကို ပယ် ထုတ်လို့ရပါတယ်။ အဲဒီအချိန်တို ဖြစ်တဲ့ရောဂါတွေကတော့ အဆုတ်ရောင်ရောဂါ၊ တီဘီရောဂါ၊ အချိန် အလယ်အလတ်ကြာတဲ့ ကင်ဆာ၊ အေအိုင်ဒီအက်စ်ရောဂါတွေကိုလည်း ပယ်ထုတ်လို့ရပါတယ်။ ဒီရော ဂါတွေက မကုဘဲထားရင် တစ်နှစ်မကျော်ပါဘူး။

ဒါတွေကို ပယ်လိုက်ပြီး စဉ်းစားစရာ ကျန်တာက အဆုတ်ပွရောဂါ (Chronic Bronchitis)နဲ့ အဆုတ်မာ (Pulmonary fibrosis) ရောဂါတွေကသာ တစ်နှစ်ခွဲအထိ တာရှည်ပြီး ရောဂါကလည်း မပျောက်ကင်းနိုင်ဘဲ အသက်ကလည်း ဒီကာလအထိရှင်နေနိုင်သေးတဲ့အတွက် ရွေးစရာ စဉ်းစားစရာနည်းသွားပါပြီ။ ဒီနှစ်ခုထဲကမှအဆုတ်ဓာတ်မှန်မှာ အမြဲတမ်းမပျောက်နိုင်တဲ့အရိပ်တွေ၊ အကွက်တွေ ရှိနိုင်တာက အဆုတ်ပွမဖြစ်နိုင်ဘဲ အဆုတ်မာ (pulmonary fibrosis)ြဖစ်ဖို့ အလားအလာပိုရှိပါတယ်။ သေချာစွာ စစ်ဆေးမေးမြန်းကြည့်တဲ့အခါ လူနာမှာ အဆစ်နာတာ၊ ရေထိရင် လက်တွေပြာနှမ်းသွားတာတွေ (Raynaud’s phenomenon)ရှိနေတာရယ်ကြောင့် နောက်ဆုံး ထပ်မံစစ်ဆေးကြည့်တဲ့အခါ အဖြေမှန်ကို ရရှိခဲ့ပါတယ်။ MCTD လေးဖက်နာရောဂါတစ်မျိုးကြောင့် အဆုတ်မာရောဂါ (pulmonary fibrosis) ဖြစ်နေပြီး နောက်ဆက်တွဲ ရှုပ်ထွေးမှုကြောင့် pulmonary hypertension နှလုံးဘက် ကူးနေတာဖြစ်ပါတယ်။ ရောဂါရဲ့အချိန် အကြောင်းတွေသိရင် အဖြေရှာတဲ့ နေရာမှာ အထောက်အကူများစွာ ဖြစ်ပါတယ်။

ရောဂါ ကုသရာမှာ အချိန်ကို စောင့်ရခြင်းသည် ဆေးတစ်ခွက်ဖြစ်သည်
ရောဂါသိအောင် ရာဇဝင်မေးရာမှာသာမက ဆေးကုတဲ့အခါ ဆေးပေးတဲ့အခါမှာလည်း ဒီ”အချိန်”ကိုပဲ အသုံးပြုပြောဆိုကြရပြန်ပါတယ်။ ဆေးပတ်လည်အောင်၊ ဆေးအကြိမ်ရေ(course)ြပည့်အောင်၊ ဆေးတွေကို အချိန်မှန်အောင်သောက်ဖို့၊ ထိုးဖို့”အချိန်”က အလွန်အရေးကြီးကြောင်း လူနာတွေအားလုံးသိဖို့ လိုအပ်ပါတယ်။ ခွဲစိတ်ထားတဲ့ အနာက အနာကျက်ချိန်ရောက်မှ အသားကျက်မယ်။ ဥပမာ ၅ ရက်မှ ၇ရက်ဆိုတဲ့ အချိန်လောက်တော့စောင့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်တန်ရင် သူ့အလိုလို အနာကကျက်ပါတယ်။ ပိုးမဝင်အောင်ပဲ ဂရုစိုက်ရပါမယ်။ တချို့ရောဂါတွေမှာ သူ့သဘာဝဖြစ်စဉ်(natural course)အရ သူ့အလိုအလျောက် သုံးရက်ပဲ ကြာတဲ့ရောဂါက သုံးရက်ကျော်ရင်ပျောက်ပါတယ်။ ဥပမာ-တုပ်ကွေးရောဂါ။ ငါးရက်ကြာတတ်တဲ့ ရောဂါက ငါးရက်မရောက်မချင်း မပျောက်နိုင်ဘဲ ငါးရက်ကျော်တာနဲ့ သူ့အလိုအလျောက် အဖျားကျသွားတာ ရှိပါတယ်။ ဥပမာ-သွေးလွန်တုပ်ကွေးရောဂါ။

သုံးပတ်လောက်ကြာတတ်တဲ့ အအေးမိချောင်း ဆိုးရောဂါကလည်း သုံးပတ်-လေးပတ်လောက်ကြာမှ ပျောက်မှာဖြစ်ပါတယ်။ အထူးသဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေဟာ သဘာဝခုခံအား (natural immunity)ေတွကို အားကိုးပြီး အားလုံးနီးပါး ပြန်ပျောက်ကြပါတယ်။ ပဋိဇီဝပိုးသတ်ဆေးကြောင့် ပျောက်သွားတာ လုံးဝမဟုတ်ပါဘူး။ ဒီနေရာမှာ ပဋိဇီဝပိုးသတ်ဆေးကို လိုအပ်မှ သုံးသင့်ပါတယ်။ ဒီလိုရောဂါတွေဟာ သဘာဝအလျောက် ပြန်ကောင်းနိုင်စွမ်းရှိလို့သာ ပိုးသတ်ဆေးဝါးတွေ မပေါ်ခင်ကာလက လူတွေ မသေကြဘဲ အလိုအလျောက် ရောဂါပြန်ကောင်းလာကြတာ ဖြစ်ပါတယ်။ ဒါကြောင့် “အချိန်”ဟာ အဖိုးတန်တဲ့ ဆေးဝါးတစ်လက်ပါပဲ။ အချိန်ကိုပဲ စောင့်ရမှာ ဖြစ်ပါတယ်။

– နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top