Healthy Life Ad
Life Style

သွေးအုပ်စုအမျိုးအစားအလိုက် စားသင့်သောအစာများ

၊ ငွေစင်ကြယ်ယံ ၊

ယူကေနိုင်ငံမှာ လူဦးရေ ၄၆ ရာခိုင်နှုန်းက အိုသွေးပိုင်ရှင်တွေဖြစ်ပြီး ၄၂ရာခိုင်နှုန်းက အေသွေးပိုင်ရှင်၊ ကိုးရာခိုင်နှုန်းက ဘီသွေးပိုင်ရှင်နဲ့ သုံးရာခိုင်နှုန်းက အေဘီသွေးပိုင်ရှင်တွေဖြစ်ကြတယ်လို့သိရပါတယ်။ သင်ရဲ့ သွေးအမျိုးအစားပေါ်မူတည်ပြီး သင့်ကျန်းမာရေးအတွက် သင့်တော်တဲ့အစားအသောက်တွေရှိပါတယ်။

– အိုသွေးပိုင်ရှင်များကျန်းမာစေရန် သင့်တော်သောအစာ

ပရိုတင်းများပြီး ကာဘိုဟိုက်ဒရိတ်နည်းတဲ့ အသားကိုစားပါ။ အေရိုးဗစ်လေ့ကျင့်ခန်းပြုလုပ်ပါ။ ဂျုံထက် တခြားကောက်နှံစာအများစုကို စားသင့်ပါတယ်။ သွေးအမျိုးအစားအလိုက် သင့်တော်မှန်ကန်စွာမစားသောက်ရင် အစာအိမ်အနာနဲ့ အဆစ်ရောင်နာလို ရောင်ရမ်းမှုဝေဒနာတွေ ဖြစ်နိုင်ခြေတိုးစေပါတယ်။

– အေသွေးပိုင်ရှင်များကျန်းမာစေရန် သင့်တော်သောအစာ

ကာဗိုဟိုက်ဒရိတ်များပြီး အဆီနည်းတဲ့အစာ၊ အထူးသဖြင့် သက်သတ်လွတ်အစာကို စားသင့်ပါတယ်။ ယောဂကျင့်တာ၊ ဂေါက်သီးရိုက်တာစတဲ့ ညင်သာတဲ့လေ့ကျင့်ခန်းတွေလုပ်ဆောင်သင့်ပြီး စိတ်ဖိစီးမှုကိုဖြေရှင်းနိုင်ဖို့ တရားထိုင်သင့်ပါတယ်။ တကယ်လို့ အစားအသောက်ကို သင့်သွေးအုပ်စုအလိုက် သင့်တော်ညီညွတ်အောင်မစားနိုင်ရင် ကင်ဆာနဲ့နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

– ဘီသွေးပိုင်ရှင်များကျန်းမာစေရန် သင့်တော်သောအစာ

ဘီသွေးပိုင်ရှင်တွေအနေနဲ့ အသားကိုများများစားသင့်သလို နို့နဲ့နို့ထွက်ပစ္စည်းတွေကိုလည်း စားသင့်ပါတယ်။ ရေကူးတာ၊ လမ်းလျှောက်တာတို့လို လေ့ကျင့်ခန်းကို လုပ်ဆောင်သင့်ပါတယ်။ သွေးအုပ်စုအလိုက် မှန်မှန်ကန်ကန်မစားသောက်ရင် နာ့ဗ်ကြောစနစ်ကိုတွန်းလှန်ပေးနိုင်တဲ့ ဗိုင်းရပ်စ်တွေကိုတိုးစေနိုင်ပါတယ်။

– အေဘီသွေးပိုင်ရှင်များကျန်းမာစေရန် သင့်တော်သောအစာ

အေဘီသွေးပိုင်ရှင်တွေအနေနဲ့ သွေးအမျိုးအစားအေနဲ့ ဘီအတွက်စားသင့်တဲ့ အစားအသောက်တွေကို စားနိုင်ပါတယ်။ ပြီးရင် အပန်းပြေအနားရနိုင်တဲ့ ယောဂလေ့ကျင့်ခန်းကိုလုပ်ဆောင်ပါ။ ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်နေပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top