Healthy Life Ad
Health Tips

ဦးနှောက်လုပ်ငန်းဆောင်တာ အကောင်းဆုံးဖြစ်စေမည့် အာဟာရ ၁၀

၊ ငွေကြယ်စင်ယံ ၊

ဦးနှောက်ရဲ့လုပ်ဆောင်မှုအတွက်လိုအပ်တဲ့ စွမ်းအင်တွေကို အကောင်းဆုံးပေးစွမ်းနိုင်မယ့် အာဟာရတွေရှိပါတယ်။ ဒီအာဟာရတွေကို စားပေးရင် ဦးနှောက်ဟာ အကောင်း ဆုံးလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးနိုင်မှာပါ။

(၁) ပျားရည်
ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေမယ့် အာဟာရတစ်ခုက ပျားရည်ဖြစ်ပါတယ်။ ပျားရည်မှာပါဝင်တဲ့ ဗီတာမင်၊ သတ္တု ဓာတ်နဲ့ အင်ဇိုင်းတွေက ဦးနှောက်ရဲ့ တွေးခေါ်နိုင်စွမ်းအားနဲ့ ဖန်တီးနိုင်စွမ်းအားတို့ကို လှုံ့ဆော်ပေးနိုင်တာကြောင့် အာရုံစူးစိုက်မှုကောင်းကာ ဖိစီးမှုတွေ ကင်းနေပါလိမ့်မယ်။ နံနက်စာစားပြီး ချိန်မှာ ပျားရည်ထမင်းစားဇွန်း နှစ်ဇွန်းခန့် စားပေးတာက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။

(၂) ငါး
ငါးနဲ့ ပင်လယ်စာတွေက ဦးနှောက်အတွက် အလွန်ကောင်းတဲ့ အာဟာရတွေ ဖြစ်ပါတယ်။ ဒီအစားအစာတွေထဲမှာပါတဲ့ အမိုင်နိုအက်စစ်ဟာ နိုးကြားစေတဲ့ ဟော်မုန်းတွေကို တက်ကြွအောင် ကူညီပေးနိုင်လို့ပါ။ ငါးဟာ ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုကိုလည်း လှုံ့ဆော်နိုင်တာကြောင့် တစ်ပတ်မှာအနည်းဆုံး သုံးကြိမ်ခန့် စားပေးသင့်ပါတယ်။

(၃) တရုတ်နံနံပင်
တရုတ်နံနံမှာပါတဲ့ မရှိမဖြစ်ဆီနဲ့ အင်ဆူလင်နဲ့တူတဲ့ ဟော်မုန်းတွေဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို အလွန်ကောင်းမွန်စေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကို ကာကွယ်ပေးနိုင်ပြီး စိတ်ဖိစီးမှုကိုပါ လျှော့ချနိုင်လို့ပါ။

(၄) ပဲပိစပ်
ပဲပိစပ်မှာပါတဲ့ လက်ဆီသင်နဲ့ ဗီတာမင်B1 က ဦးနှောက်ဆဲလ်တွေကြား ဆက်သွယ်မှုကို ကောင်းမွန်စေတာကြောင့် သတင်းအချက်အလက်တွေကို မြန်မြန်ရောက်ရှိစေပါတယ်။ နေ့စဉ် ပဲနို့တစ်ဖန်ခွက် သောက်ပေးနိုင်ပါတယ်။

(၅) ငှက်ပျောသီး
ငှက်ပျောသီးဟာလည်း ဦးနှောက်ရဲ့ ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ ငှက်ပျောသီးမှာပါတဲ့ ဆီရိုတိုနင်က အာရုံစူး စိုက်နိုင်စွမ်းကို ကောင်းမွန်စေပြီး ပျော်ရွှင်မှုကိုပါ ဖြစ်ပေါ်စေပါတယ်။ တစ်နေ့ ငှက်ပျောသီးမှည့် တစ်လုံး၊ နှစ်လုံးလောက်စားပေးပါ။

(၆) ထောပတ်သီး
ထောပတ်သီးမှာ ဗီတာမင်B6၊ သံဓာတ်နဲ့ ပိုတက်စီယမ်တို့ များစွာပါဝင်တာကြောင့် နာ့ဗ် ကြောထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့မှာ ထောပတ်သီးတစ်လုံးရဲ့ တစ်ဝက်ခန့် စားပေးသင့်ပါတယ်။

(၇) ဇာတိပ္ဖိုလ်သီး
ဇာတိပ္ဖိုလ်သီးမှာပါတဲ့မရှိမဖြစ်ဆီဟာ စိတ်ခံစားမှုကို ကောင်းမွန်စေပြီး လန်းဆန်းတက်ကြွစေတဲ့အပြင် အာရုံစူးစိုက်မှုကို ကောင်းမွန်စေပါတယ်။

(၈) ငရုတ်သီး
ငရုတ်သီးမှာပါတဲ့ ဗီတာမင်စီနဲ့ တခြားဓာတ်တွေက ဦးနှောက်သွေးကြောတွေကို ကျယ်စေပါတယ်။ ငရုတ်သီးထဲက Capsaicin ဟာ အန်ဒေါ်ဖင်ဟော်မုန်းကို ထွက်ရှိစေပါတယ်။ အန်ဒေါ်ဖင် ဟော်မုန်းဟာ အကောင်းမြင်စိတ်ကို တိုးစေပြီး စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။

(၉) ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ ဦးနှောက်ထဲမှာ သွေးလှည့်ပတ်မှုကောင်းအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိပါတယ်။ နေ့စဉ် အနည်းဆုံး ကြက်သွန်ဖြူတစ်မွှာကို စားပေးမယ်ဆိုရင် ဦးနှောက်ထဲက အောက်ဆီဂျင်ရာခိုင်နှုန်းကို သိသိသာသာ တိုးစေပါတယ်။

(၁၀) နာနတ်သီး
နာနတ်သီးမှာပါတဲ့ ထရစ်ပတိုဖန်အမိုင်နိုအက်ဆစ်ဟာ စိတ်အပန်းပြေစေပြီး စိတ်ဖိစီးမှုကို လျော့ကျစေတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို တိုးတက်ကောင်းမွန်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top