Healthy Life Ad
Life Style

အရွယ်မရွေး မတော်တဆထိခိုက်မှု မဖြစ်ရလေအောင်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အသက်ကြီးသူ၊ ငယ်သူ ဘယ်သူမဆို မတော်တဆထိခိုက်မှု ဖြစ်နိုင်ခြေလျော့ကျဖို့ အရေးကြီးပါတယ်။ အကြောင်းကတော့ မတော်တဆထိခိုက်မှုဖြစ်ရင် ဒဏ်ရာပြင်းပြင်းထန်ထန်ရတာနဲ့ သေဆုံးတာတွေအထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ၊ အိမ်မှာ၊ လမ်းမှာ၊ ကျောင်းမှာ . .နေရာတိုင်းမှာ ဘေးကင်းလုံခြုံမှုရှိစေဖို့နဲ့ မတော်တဆထိခိုက်မှုရှိစေဖို့ ဂရုစိုက်သင့်ပါတယ်။

အိမ်မှာ

ယူကေမှာ လူဦးရေလေးထောင်ကျော်ဟာ အိမ်တွင်းမတော်တဆထိခိုက်မှုဖြစ်ပြီး သေဆုံးနိုင်ခြေရှိပါတယ်။ နှစ်စဉ်လူဦးရေ သုံးသန်းနီးပါးက မတော်တဆထိခိုက်မှုဖြစ်ပြီး ဆေးကုသမှုခံယူဖို့အတွက် အရေးပေါ်ခန်းမှာ ရှိနေလေ့ရှိပါတယ်။

မတော်တဆမှု ကင်းဝေးစေရန်

– လှေကားအတက်အဆင်းတွေမှာ သတိထားပါ။ သွားလာရာလမ်းတစ်လျှောက်မှာ ရှုပ်ထွေးနေတဲ့ ပစ္စည်းအသုံးအဆောင်တွေကို ရှင်းလင်းစွာထားရှိပေးပါ။

– အကင်ပွဲ၊ ဟင်းအိုးနဲ့ မီးပုံပွဲတွေနားမှာသတိထားပြီး နေထိုင်သင့်ပါတယ်။

– ချွန်ထက်စူးရှတဲ့ ဓားတွေ၊ ကတ်ကြေးတွေနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေကို ဝေးဝေးမှာထားပေးပါ။

ကားထဲမှာ

မတော်တဆထိခိုက်မှုကြောင့် သေဆုံးမှုအားလုံးရဲ့ ၃၀နဲ့ ၄၀ရာခိုင်နှုန်းကြားဟာ ယာဉ်တိုက်မှုကြောင့် ဖြစ်တတ်ပါတယ်။

မတော်တဆမှု ကင်းဝေးစေရန်

– ကားထိုင်ခုံမှာထိုင်တဲ့အခါ ရှေ့မှာထိုင်ထိုင်၊ နောက်မှာထိုင်ထိုင် ထိုင်ခုံခါးပတ်ကို ပတ်ထားပေးပါ။

– ကားမောင်းနေစဉ် လက်ကိုင်ဖုန်းကိုမသုံးပါနဲ့။

– ကား၊ ဆိုင်ကယ်စတဲ့ယာဉ်တွေကို အမြန်မမောင်းပါနဲ့။

– ဆေးဝါး၊ မူးယစ်ဆေးနဲ့ အရက်မှီဝဲပြီး ကားမမောင်းပါနဲ့။

လုပ်ငန်းခွင်မှာ

နှစ်စဉ်ယူကေမှာ အလုပ်သမား ၃၅၀ဦးခန့်ဟာ လုပ်ငန်းခွင်မတော်တဆထိခိုက်မှုကြောင့် သေဆုံးနေကြကြောင်း၊ အရင်ကအန္တရာယ်ပေးနိုင်တဲ့ ကျောက်မီးသွေးလိုအရာတွေနဲ့ ထိတွေ့လုပ်ကိုင်ခဲ့ရသူ တစ်သောင်းခန့်က အချိန်မတိုင်ခင် စောစောသေဆုံးတတ်ကြောင်း လေ့လာမှုစစ်တမ်းတွေအရ သိရပါတယ်။

မတော်တဆမှု ကင်းဝေးစေရန်

– အလုပ်တစ်ခုကို ရွေးချယ်တဲ့အခါမှာ ကျန်းမာရေးကောင်းဖို့နဲ့ ဘေးကင်းလုံခြုံမှုရှိဖို့ အရေးကြီးပါတယ်။

– လုပ်ငန်းခွင်နဲ့ ဆက်စပ်နေတဲ့အန္တရာယ်တွေကို သိနားလည်ပြီး ဘေးကင်းလုံခြုံမှုရှိတဲ့ လုပ်ငန်းခွင်အနေအထားကို ဖန်တီးပါ။

– တခြားသူတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အသုံးအဆောင်တွေကိုလည်း လျစ်လျူရှူမထားပါနဲ့။ လုပ်ဖော်ကိုင်ဖက်၊ မန်နေဂျာစတဲ့ လူတွေကိုပြောပြပါ။

– လုပ်ငန်းခွင်မှာ မတော်တဆထိခိုက်မှု၊ ကျန်းမာရေးမကောင်းမှုစတဲ့ တစ်စုံတစ်ရာကို ကြုံတွေ့ရပါက အထက်လူကြီးကိုပြောပြပါ။

– လုပ်ငန်းခွင်မှာ မတော်တဆမှုတစ်ခုခုဖြစ်လာရင် ရှေးဦးကုသမှုပေးနိုင်မယ့် အနီးဆုံးရှေးဦးသူနာပြုပေးမယ့်သူကိုစုံစမ်းထားပါ။ မတော်တဆထိခိုက်မှုတစ်စုံတစ်ရာဖြစ်လာရင် သူ့ကိုချက်ချင်း ဆက်သွယ်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top