Healthy Life Ad
Q & A

သွားကြွေစားပြီး သွားဖာတဲ့အခါ . . .

မေး ။ ကျွန်တော် သက်ကြီးရွယ်အိုတစ်ဦးဖြစ်ပြီး ပါးစပ်ထဲက အောက်ရှေ့ညာဘက်ရှိ သွားတစ်ချောင်း သွားခြေပေါ်နေလို့ ဆေးဖြင့်ဖာရင် မမြဲဘဲ သွားကြွေ ကို စားညှိပေးပြီး ဖာမှ ဆေးမြဲပေမယ့်လည်း အဲဒီသွားက ခိုင်မြဲတဲ့ သွားကောင်းတစ်ချောင်းရရှိတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ အဲဒါမှန်ရင် ဘယ်လိုလုပ်ရင်ကောင်းမှာလဲ။
ဦးသန့်ဇင်၊ ကျောက်တံတား။

ပါမောက္ခဦးကိုကိုမောင်(မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ သွားခြေတွေပေါ်တယ်ဆိုတာက သွားဖုံးရောင်လို့ သွားခြေတွေ ပေါ်လာတာပါ။ သွားဖုံးရောင်တဲ့ အခါမှာ သွားဖုံးသားကလည်း နိမ့်ဆင်းသွားတယ်၊ သွားပတ်ပတ်လည်မှာ သွားဖုံးရိုးတွေကလည်း နိမ့်ဆင်းသွားတဲ့အတွက် သွားခြေက ပေါ်လာတတ်ပါတယ်။ အဲဒီလိုသွားခြေပေါ်လာပြီး မမြဲတော့ဘူး ဆိုရင် သွားကိုနုတ်ရတဲ့အဆင့်အထိ ရောက်နိုင်ပါတယ်။ အဲဒီမှာ သွားက သိပ်မဆိုးသေးဘူးဆိုရင် သွားကို စားညှိပြီး ဖာရတယ်။ ဒါဆိုရင်တော့ သွားကို ပြန်လည်ထိန်းသိမ်းနိုင်မှာ ဖြစ်ပေမယ့် သိပ်ဆိုးတဲ့ အဆင့်ဆိုရင် သွားကိုဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top