Healthy Life Ad
Life Style

လူကြားထဲသွားတိုင်း ချွေးနံ့ကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေဖို့ . . .

၊ လရိပ်မေ ၊

ချွေးထွက်တဲ့ဂလင်းတွေရဲ့ လှုံ့ဆော်မှုကြောင့် ချွေးထွက်များသူတွေအနေနဲ့ ကိုယ်နံ့နံတတ်ပါတယ်။ ခန္ဓာကိုယ်အနံ့က အလွန်ဆိုးနေရင် အနံ့နံတာကြောင့် လူမှုဆက်ဆံရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ချွေးထွက်များတာက စိတ်မသက်မသာဖြစ်စရာကောင်းသလို ချွေးထွက်များတာကြောင့် အရေပြားပေါ်က ဘက်တီးရီးယားနဲ့ထိတွေ့ပြီး အနံ့ဆိုးထွက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်နံ့သင်းပျံ့နေစေဖို့ လိုက်နာသင့်တဲ့အချက်တွေကို မျှဝေလိုက်ပါတယ်။

– ဘက်တီးရီးယားသေစေနိုင်တဲ့ ဆပ်ပြာသုံးပြီးရေချိုးပါ။ ပြီးရင် ချွေးနံ့ထိန်းတောင့် လိမ်းပေးသင့်ပါတယ်။

– တတ်နိုင်သမျှ ချည်သားဝတ်စုံကို ရွေးချယ်ဝတ်ပါ။ အထူးသဖြင့် အတွင်းခံအဝတ်အစားဝတ်မယ်ဆိုရင် လေဝင်လေထွက်ကောင်းတဲ့ ချည်သားဝတ်စုံကိုဝတ်ပါ။

– ဖြစ်နိုင်ရင် ကိုယ်လုံးနဲ့အတိကျပ်နေတဲ့ ဝတ်စုံမျိုးကိုရှောင်ရှားပြီး သက်သောင့်သက်သာရှိတဲ့ဝတ်စုံကို ချောင်ချောင်ချိချိဝတ်ဆင်ပါ။ တစ်နေ့အင်္ကျီတစ်စုံလဲဝတ်ပါ။

– ချိုင်းနေရာကို မကြာခဏ သန့်စင်ဆေးကြောပေးပါ။ ခန္ဓာကိုယ်ကထွက်တဲ့ ချွေးတွေရဲ့ ၈၀ ရာခိုင်နှုန်းက ချိုင်းနေရာကနေလာတာဖြစ်ပါတယ်။

– ကိုယ်နံ့ဆိုးမထွက်အောင်ထိန်းတဲ့အရာတွေကို ဝယ်မယ်ဆိုရင် အချက်နှစ်ချက်ကို သတိထားပါ။

(၁) Antiperspirant (ချွေးတိတ်ဆေး)ဟာ ချွေးပေါက်ကို ပိတ်စေတဲ့နည်းနဲ့ အရေပြားကနေ ချွေးထွက်တာကို ရပ်တန့်စေတာဖြစ်ပါတယ်။

(၂) Deodorants (ချွေးနံ့ပျောက်ဆေး)ကတော့ ချွေးထွက်တဲ့အခါ ဘက်တီးရီးယားတွေကို သေစေတာဖြစ်ပါတယ်။ သင်က ဘယ်လိုအမျိုးအစားကို လိုအပ်နေတာလဲဆိုတာ စဉ်းစားပြီး ရွေးချယ်သုံးစွဲပါ။

– ခြေထောက်အနံ့ဆိုးထွက်မှုကင်းစေဖို့ ခြေထောက်ကိုသေချာဆေးကြောပြီး ခြောက်သွေ့အောင်ထားပါ။ ပြီးရင် ခြေချောင်းတွေကြား လေဝင်လေထွက်ကောင်းစေမယ့် ဖိနပ်မျိုးစီးပါ။

– ကော်ဖီနဲ့ လက်ဖက်ရည်ကို လျှော့သောက်ပါ။ အဲဒီအထဲမှာပါတဲ့ ကဖင်းဓာတ်ဟာအလိုအလျောက် အလုပ်လုပ်တဲ့ အာရုံကြောစနစ် (Autonomic Nervous System)ကို လှုံ့ဆော်နိုင်ပါတယ်။ ဒီအာရုံကြောစနစ်ဟာ ချွေးထွက်တာကို ထိန်းပေးပါတယ်။

– အယ်လ်ကိုဟောဟာ သွေးကြောတွေကို ကျယ်စေတာကြောင့် ချွေးထွက်နိုင်ခြေပိုများပါတယ်။ ဒါကြောင့် အရက်ကိုရှောင်ပါ။

– ရေချိုးတဲ့အခါမှာ ရှလကာရည်တစ်ခွက်ထည့်ထားတဲ့ ချိုးရေနဲ့ချိုးပေးပါ။ ဒါမှမဟုတ် ဆော်ဒါမှုန့်နဲ့ ခန္ဓာကိုယ်ကိုပွတ်တိုက်ပြီး ရေချိုးလိုက်ရင်လည်း ကိုယ်နံ့ဆိုးကင်းစေပါတယ်။

– ရေချိုးပြီးတဲ့အခါ ချွေးနံ့ပျောက်ဆေးတောင့်ကို လိမ်းပေးပါ။

– အပြင်ထွက်တဲ့အခါ စနိုးတာဝါလို အနုစားလက်ကိုင်ပဝါကိုဆောင်ထားပြီး ချွေးထွက်များတဲ့နေရာ (ဥပမာ-ချိုင်းကြား)ကို သုတ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top