မေး. အခု ကျွန်မရာသီလာတာ ပုံမှန်လို့ ပြောလို့ရပါတယ်ရှင့်။ အဲ့ဒါ ကိုယ်ဝန်မရနိုင်ဘူးလို့ ဆိုလိုနိုင်လားရှင့်။ ရာနှုန်းပြည့်မရနိုင်ဘူးလို့ ဆိုနိုင်လားရှင့်။ အဆင်ပြေရင် ဖြေပေးဖို့တောင်းဆိုပါတယ်။
Lin Thu (FB)
ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။
ဖြေ. ရာသီပုံမှန် ဟုတ်၊ မဟုတ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် နည်းနည်းစီကွာတတ်ပါတယ်။ ကိုယ်ဝန်ရခါစမှာလည်း တချို့က ပုံမှန်သွေးဆင်းသလို မဟုတ်ပေမယ့် အနည်းငယ် သွေးစွန်းရုံလောက် သွေးဆင်းတာမျိုး ရှိတတ်ပါတယ်။ အမှန်တကယ်ကို ပုံမှန်သွေးဆင်းရင်တော့ ကိုယ်ဝန်မရှိလို့ပြောနိုင်ပြီး မသေချာရင်တော့ ဆီးစစ်ကြည့်တာအကောင်းဆုံးပါ။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)