Healthy Life Ad
Health Tips

အချိန်ငါးမိနစ်ပေးရုံဖြင့် စိတ်ဖိစီးမှု ပြေလျော့စေမည့် ဂျပန်နည်းလမ်း

၊ လရိပ်မေ ၊

ပုံမှန်ဘဝမှာ ခံစားရတဲ့ စိတ်ဖိစီးမှုဟာ နေ့စဉ် လုပ်ငန်းဆောင်တာကို အဟန့်အတားဖြစ်စေပြီး ကျန်း မာရေးကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် အချိန် ငါးမိနစ်ပေးရုံနဲ့စိတ်ဖိစီးမှုပြေပျောက်စေမယ့် နည်းလမ်းကောင်းတွေကို မျှဝေလိုက်ပါတယ်။


လက်မ
– လက်မကို နှိပ်နယ်ပေးတာကြောင့် ပူပင်သော ကနဲ့ စိတ်ပူပင်မှုတို့လို စိတ်ခံစားမှုတွေကိုတွန်းလှန်ပေး ပါတယ်။
ပုံမှာပြထားတဲ့အတိုင်း လက်မကို တခြားလက်က လက်ချောင်းတွေနဲ့ ဆုပ်ကိုင်ပြီး တစ်မိနစ်-နှစ်မိနစ် လောက် ကိုင်ထားပါ။ တခြားလက်ကိုပြောင်းလုပ်ပါ။


လက်ညှိုး
– လက်ညှိုးကို နှိပ်နယ်ပေးတာကြောင့် ကြောက် ရွံ့မှုကို တွန်းလှန်ပေးနိုင်ပါတယ်။
ပုံမှာပြထားတဲ့အတိုင်း လက်ညှိုးကို တခြားလက် က လက်ချောင်းတွေနဲ့ ဆုပ်ကိုင်ပြီး တစ်မိနစ်-နှစ်မိ နစ်လောက် ကိုင်ထားပါ။ တခြားလက်ကိုပြောင်းလုပ်ပါ။


လက်ခလယ်
– လက်ခလယ်ကို နှိပ်နယ်ပေးတာကြောင့် ဒေါသနဲ့ အလိုမကျမှုကို ထိန်းချုပ်ပေးပါတယ်။
ပုံမှာပြထားတဲ့အတိုင်း လက်ခလယ်ကို တခြားလက်က လက်ချောင်းတွေနဲ့ ဆုပ်ကိုင်ပြီး တစ်မိနစ်-နှစ်မိနစ်လောက် ကိုင်ထားပါ။ တခြားလက်ကိုပြောင်း လုပ်ပါ။


လက်သူကြွယ်

– လက်သူကြွယ်ကို နှိပ်နယ်ပေးတာကြောင့် စိတ်ကျဝေဒနာနဲ့ ဝမ်းနည်းမှုကို တွန်းလှန်ပေးပြီး ဆုံး ဖြတ်ချက်ချမှတ်နိုင်စွမ်း ပိုကောင်းစေပါတယ်။

ပုံမှာပြထားတဲ့အတိုင်း လက်သူကြွယ်ကို တခြားလက်က လက်ချောင်းတွေနဲ့ ဆုပ်ကိုင်ပြီး တစ်မိနစ်-နှစ်မိနစ်လောက် ကိုင်ထားပါ။ တခြားလက်ကိုပြောင်းလုပ်ပါ။


လက်သန်း

– လက်သန်းကို နှိပ်နယ်ပေးတာကြောင့် ပူပင်သောကကို လျော့ကျစေပြီး အကောင်းမြင်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို လျော့ကျစေပါတယ်။

ပုံမှာပြထားတဲ့အတိုင်း လက်သန်းကို တခြားလက်က လက်ချောင်းတွေနဲ့ ဆုပ်ကိုင်ပြီး တစ်မိနစ်-နှစ်မိ နစ်လောက် ကိုင်ထားပါ။ တခြားလက်ကိုပြောင်းလုပ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top