Healthy Life Ad
Q & A

ဆီးကျိတ်ကြီးသူအတွက် အစားအစာ. . .

ဆီးကျိတ်ကြီးတဲ့အခါ ဘယ်လို အသီးအနှံ၊ အရွက်တွေကိုစား ပေးရင်ပျောက်စေသလဲ၊ ဆီးကျိတ်ကြီးတာကိုပျောက်စေဖို့အတွက် ဘာတွေလုပ်ဆောင်သင့်ပါသလဲ။
Ei Myat Mon (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

ဖြေ။ ။ ဆီးကျိတ်ကြီးတဲ့ အခြေအနေကို အသက်ကြီးတဲ့ အမျိုးသားတွေမှာ တွေ့ရတတ်ပါတယ်။ အစားအ သောက်နဲ့ အများကြီး မဆိုင်ပါဘူး။ အနည်းငယ် အထောက်အကူပြုရုံသာရှိပါတယ်။ နှမ်းစေ့၊ ရွှေဖရုံစေ့၊ ဆယ်မွန်ငါး၊ ဂေါ်ဖီပွင့်အစိမ်းရောင်၊ပန်းဂေါ်ဖီ၊ ကိုက်လန်၊ လတ်ဆတ်တဲ့ သစ်သီးဝလံတွေ၊ ခရမ်းချဉ်သီး၊ စတာတွေစားပါ။ ဒါပေမဲ့ ထိရောက်တဲ့ ကုသမှုယူမှ ပျောက်မှာပါ။ အစားစားရုံနဲ့မရပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top