Healthy Life Ad
Health Tips

ဇီဝကမ္မဖြစ်ပျက်မှုအားကောင်းစေပြီး ကိုယ်အလေးချိန်ကျစေမည့် အစာ ၁၀

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

လေ့ကျင့်ခန်းမှန်မှန်လုပ်တာ၊ အိပ်ရေးဝ၀ အိပ်စက်အနားယူတာနဲ့ ရေများများ သောက်တာတွေက သင့်ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြင့်တက်စေတဲ့ အကောင်းဆုံးနည်း သုံးမျိုးဖြစ်ပါတယ်။ ဒါ့အပြင် အောက်ပါအစာတွေက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး ကိုယ်အလေးချိန်ကို ထိန်းနိုင်တဲ့ အစာတွေ ဖြစ်ပါတယ်။


(၁) ငရုတ်သီး
ငရုတ်သီးစားတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်ပျက်မှုကို ၂၅ ရာခိုင်နှုန်း မြင့်တက်စေနိုင်တယ် လို့ လေ့လာမှုအရ သိရပါတယ်။ ငရုတ်သီးမှာ ကပ်ဆိုင်စင်ဓာတ် ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက နာ ကျင်မှုလက်ခံရာစင်တာတွေကို လှုံ့ဆော်ပေးပါတယ်။ အဲဒီအတွက် သွေးလှည့်ပတ်မှုကောင်းမွန်ပြီး ခန္ဓာ ကိုယ်ရဲ့ဇီဝရုပ်ဖြစ်ပျက်နှုန်းကို တိုးစေကာ အဆီတွေကို သိသိသာသာလောင်ကျွမ်းစေပါတယ်။

(၂) ဆန်လုံးညိုနှင့် ဂျုံကွေကာ (Oatmeal)
ဆန်လုံးညို၊ ဂျုံကွေကာစတဲ့ ကောက်နှံတစ်ခု လုံးအစာတွေမှာ အာဟာရဓာတ်တွေနဲ့ ကာဗိုဟိုက်ဒ ရိတ်ဓာတ်တွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးစေပြီး အင်ဆူလင်အဆင့်ကိုတည် ငြိမ်စေပါတယ်။

(၃) ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းမှာ ကယ်လ်ဆီယမ် ပါဝင်တာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို တိုးစေပြီး ဗီတာမင်စီ၊ ဗီတာမင်ကေနဲ့ ဗီတာမင်အေတို့ ပါဝင်မှုများပါတယ်။ ပန်းဂေါ်ဖီစိမ်းတစ်ခွက်မှာ ဖောလိတ်ဓာတ်နဲ့ အမျှင်ဓာတ် ပါဝင်တဲ့အပြင် အင်တီအောက်ဆီးဒင့်လည်း ပါဝင်မှုများပါတယ်။ အဆိပ်အတောက်တွေကိုလည်း ပြေစေနိုင်တဲ့ အစာပါ။

(၄) စွပ်ပြုတ်
စွပ်ပြုတ်သောက်ရင် အဝလွန်နိုင်ခြေကို လျော့ကျစေတယ်လို့ လေ့လာမှု အမျိုးမျိုးအရသိရပါတယ်။ ထမင်းမ စားခင်စွပ်ပြုတ်သောက်လိုက်ပါ။ ထမင်းကို လျှော့စားဖြစ်သလို အဆီလောင်ကျွမ်းမှုကို မြန်စေပါတယ်။


(၅) ကော်ဖီနှင့် လက်ဖက်စိမ်းလက်ဖက်ရည်
ကော်ဖီနဲ့ လက်ဖက်စိမ်းလက် ဖက်ရည်သောက်တာကြောင့် ခန္ဓာကိုယ်ရဲ့ဇီဝရုပ်ဖြစ် ပျက်မှုကို တိုးစေပြီး အင်တီအောက်ဆီးဒင့်ရရှိစေပါတယ်။ သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပြီး အဆီတွေကို ပိုမိုလောင်ကျွမ်းစေပါတယ်။

(၆) ပန်းသီးနှင့် သစ်တော်သီး
ပန်းသီးနဲ့ သစ်တော်သီးစားရင် ကိုယ်အလေးချိန်ကျစေပြီး ဇီဝရုပ်ဖြစ်ပျက်နှုန်းကို အားကောင်းစေပါတယ်။

(၇) ဟင်းခတ်အမွှေးအကြိုင်များ
ငရုတ်ကောင်း၊ ကြက်သွန်ဖြူနဲ့ ချင်း(ဂျင်း)တွေလို ဟင်းခတ်အမွှေးအကြိုင်တွေ စားပေးရင် ခန္ဓာကိုယ်ရဲ့ဇီဝရုပ်ဖြစ်ပျက်မှုကိုအားကောင်းစေပြီးကယ် လိုရီကို ၁၀ဝ၀ ကျော် လောင်ကျွမ်းစေနိုင်ပါတယ်။

(၈) အချဉ်အရသာရှိသော သစ်သီးများ
လိမ္မော်သီး၊ ဂရိတ်ဖရုနဲ့ လီမွန်သီးတွေဟာ အဆီလောင်ကျွမ်းစေပြီး ဇီဝရုပ်ဖြစ်ပျက်နှုန်းကို မြန်စေပါတယ်။ ဒါ့အပြင် ဗီတာမင်စီ ပါဝင်တဲ့အတွက် အချဉ်အရသာရှိ သစ်သီးတွေက အင်ဆူလင်အဆင့်ကို ထိန်းညှိပေးနိုင်ပါတယ်။

(၉) ကယ်လ်ဆီယမ်ပါဝင်မှုများသောအစာများ
ကယ်လ်ဆီယမ်ပါဝင်မှုများတဲ့ အစာတွေကို စားရင် ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို မြန်စေပါတယ်။

(၁၀) အိုမီဂါ ၃ ဖက်တီးအက်ဆစ်
အိုမီဂါ ၃ ဖက်တီးအက်ဆစ်ကို ငါး၊ အခွံမာစေ့ စတာတွေမှာ တွေ့နိုင်ပြီး လက်ပ်တင်ဟော်မုန်းထုတ် လုပ်မှုလျော့ကျစေကာ ဇီဝ ရုပ်ဖြစ်ပျက်မှုကိုမြန် စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top