Healthy Life Ad
Health Tips

အချိန်တစ်မိနစ်အတွင်း သင့်ကျန်းမာရေး စစ်ဆေးနိုင်မယ့် အလွယ်နည်း

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုယ့်ကျန်းမာရေး အခြေအနေသိဖို့ စစ်ဆေးတာကအရေးကြီးမှန်း သိပေမယ့် လူအနည်းငယ်ကပဲ ဆရာဝန်ဆီ သွားပြတတ်ပါ တယ်။ ဒါကြောင့် ကိုယ့်ကျန်းမာရေးကို ကိုယ့်ဘာသာအလွယ်တကူ စစ်ဆေးနိုင်မယ့် နည်းလမ်းတစ်ခုကို အကြံပြုပါရစေ။


အဆင့် (၁)
ဇွန်းတစ်ချောင်းယူပြီး လျှာမျက်နှာပြင်ကိုညင်ညင်သာသာခြစ်ယူပါ။ (တံတွေးတွေ နဲ့ စိုစွတ်နေတဲ့ လျှာမျက်နှာ ပြင်ဖြစ်ရင် ပိုကောင်းပါတယ်။)


အဆင့် (၂) ဇွန်းကို ယူပြီး ပလတ်စတစ်အိတ်အကြည်ထဲ ထည့်ကာ တောက်ပတဲ့ အလင်းရောင်အောက် ဒါမှမဟုတ် နေရောင်အောက် ဒါမှမဟုတ် မီးအိမ်အောက်မှာထားပါ။


အဆင့် (၃) အချိန်တစ်မိနစ်လောက် စောင့်ပြီး ဇွန်းကို စစ်ဆေးကြည့်ပါ။
အဖြေအရ ဇွန်းမှာ ကြည်လင်နေပြီး အစွန်းအထင်း၊ မနှစ်မြို့စရာအနံ့အသက်တွေ မရှိရင် သင့်ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ ကျန်းမာနေပါတယ်။

တကယ်လို့ အနံ့အသက်မကောင်းဘူးဆိုရင်-
ပုပ်တဲ့အနံ့လို အနံ့ပြင်းထွက်ရင်- အဆုတ် ဒါမှမဟုတ် အစာအိမ်ဝေဒနာရှိနေနိုင်ပါတယ်။
အနံ့ချိုနေရင် – ဆီးချိုရောဂါရှိကောင်း ရှိနိုင်ပါတယ်။
အမိုးနီးယားနံ့ရရင်- ကျောက်ကပ်ဝေဒနာရှိနေနိုင်ပါတယ်။


တကယ်လို့ အစွန်းအထင်းရှိနေရင်-
အဖြူ၊ အဝါထူပျစ်ပျစ်ဖြစ်နေရင် – သိုင်းရွိုက်ဂလင်း လုပ်ငန်းဆောင်တာ မကောင်းလို့ပါ။
ခရမ်းရောင်သမ်းနေရင် – လေပြွန်ရောင်ရမ်းတာ၊ သွေးလှည့်ပတ်မှုမကောင်းတာ၊ ကိုလက်စထရောများတာတို့ ဖြစ်နိုင်ပါတယ်။
ဖြူနေရင် -အသက်ရှူလမ်းကြောင်း ပိုးဝင်တဲ့ လက္ခဏာပါ။
လိမ္မော်ရောင်သမ်းနေရင်- ကျောက်ကပ်ရောဂါဖြစ်နိုင်ပါတယ်။

မှတ်ချက် ။ ဒီစစ်ဆေးနည်းက ဆရာဝန်တွေရဲ့ စစ်ဆေးချက်ကို အစားမထိုးနိုင်ပါဘူး။ ကျန်းမာရေးမစစ်နိုင်သေးချိန် အလွယ်တကူ စစ်ကြည့်ပြီး သံသယရှိရင် ဆရာဝန်နဲ့ပြသဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top