Healthy Life Ad
Health Tips

နေ့စဉ် ကျန်းမာရေး ပိုကောင်းစေမည့် နည်းသုံးသွယ်

၊ ငွေကြယ်စင်ယံ ၊

ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ်ပိုမို ကောင်းမွန်စေဖို့ ဆောင်သင့်၊ ရှောင်သင့်တဲ့ အလေ့အထတွေကို အကြံပြုလိုက်ပါတယ်။

(၁) လက်ဖက်စိမ်းလက်ဖက်ရည်သောက်ပါ
လက်ဖက်စိမ်းလက်ဖက်ရည်(Green Tea)ကို တစ်နေ့ နှစ်ခွက်နဲ့ အထက်သောက်ပေးတာက မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေတယ်လို့ လေ့လာမှု ၁၄ ခုလုပ်ပြီးချိန်မှာအတည် ပြုပြောဆိုခဲ့ပါတယ်။

(၂) ပန်းသီးနှင့် ပဲသီးစားပါ
ပန်းသီးနဲ့ပဲသီးတွေထဲမှာ ပါဝင်တဲ့ ပျော်ဝင်အမျှင်ဓာတ်တွေကို များများစားတဲ့သူတွေဟာ ငါးနှစ်အကြာမှာ ဝမ်းဗိုက်အဆီလျော့ကျမှုရှိကြောင်း တွေ့ရပါတယ်။ ဝမ်းဗိုက်အဆီက ကျန်းမာရေးအတွက် အန္တရာယ်ပေးနိုင်တဲ့ အဆီဖြစ်ပါတယ်။ လူတစ်ဦးရဲ့ အစာထဲမှာ ပျော်ဝင်အမျှင် ၁၀ဂရမ် တိုးလာတိုင်း ဝမ်းဗိုက်အဆီက လေးရာခိုင်နှုန်းခန့် လျော့ကျသွားတာကို လေ့လာမှုအရ သိရပါတယ်။

(၃) လက်ဆေးပါ
ကွန်ပျူတာနဲ့ ရုံးသုံးပရိဘောဂတွေကို ကိုင်တွယ်နေရချိန်မှာ လက်တွေက ပုံမှန်ထက်ပိုပြီး ညစ်ပတ်နေနိုင်ပါတယ်။ လေ့လာမှုအသစ်အရ တစ်နေ့မှာ အနည်းဆုံးလေးကြိမ်ခန့်လက်ဆေးတဲ့ ရုံးဝန်ထမ်းတွေဟာ လက်ဆေးနည်းသူတွေနဲ့ယှဉ်ရင် သွေးထဲမှာ PDBE ခေါ်တဲ့ ဓာတုပစ္စည်းရှိမှု လျော့နည်းတယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top