Healthy Life Ad
Health Tips

တိုဟူးမှာ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်သလဲ . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

တိုဟူးဟာ ပရိုတင်းဓာတ်အပြည့်ပါတဲ့ သစ်သီးကိတ်တွေနဲ့တူပါတယ်။ ပဲပိစပ်နဲ့ လုပ်ထားတဲ့ တိုဟူးမှာ သင့်ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ အာဟာရဓာတ်များစွာပါဝင်တာကြောင့် အောက်ပါ ကျန်း မာရေးကောင်းကျိုးတွေကို ရရှိစေပါတယ်။

– သက်သတ်လွတ်စားသူများကို ပရိုတင်းဓာတ် ပြည့်ဝစေခြင်း
ပရိုတင်းဓာတ်အပြည့်အဝပါတဲ့တိုဟူးကို သက်သတ်လွတ်စားသူတွေအနေနဲ့ မဖြစ်မနေ မှီဝဲသင့်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစားအစာများအကြောင်း လေ့လာမှုတစ်ရပ်အရ တိုဟူး လေးအောင်စ တစ်တုံးမှာ ပရိုတင်းဓာတ် ၉ ဒသမ ၁၆ ဂ ရမ်ပါဝင်ပြီး ဒီပမာဏဟာ တစ်နေ့တာလိုအပ်တဲ့ ပရိုတင်းပမာဏရဲ့ ၁၈ ရာခိုင်နှုန်းကျော် ရှိတယ်လို့ သိရပါတယ်။

– စွမ်းအင် ထုတ်လုပ်နိုင်ခြင်း
တိုဟူးမှာပါဝင်တဲ့ သံဓာတ်နဲ့ ကြေးနီဓာတ်တွေက ဟေမိုဂလိုဘင်တည်ဆောက်မှုမှာ မရှိမဖြစ် အရေးပါပြီး စွမ်းအင်ကို ထုတ်လုပ်ပေးပါတယ်။ ကြေးနီနဲ့ မဂ္ဂနိစ်တို့က ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖျက်ဆီးပေးနိုင်မယ့် အင်ဇိုင်းတစ်မျိုးအတွက် အရေးပါပြီး ကြေးနီဟာ ရိုးဆစ် ရောင်ရမ်းနာရဲ့ ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။

– အရိုး သန်စွမ်းကျန်းမာခြင်း
တိုဟူးမှာ ပါဝင်တဲ့ ကယ်လ်စီယမ်ဓာတ်ဟာ အရိုးတွေကို သန်စွမ်းကျန်းမာစေကာ အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

– နှလုံးသွေးကြော ကျန်းမာစေခြင်း
တိုဟူးမှာပါတဲ့ အိုမီဂါ ၃ဖက်တီးအက်စစ်ဟာ နှလုံးကျန်းမာစေပြီး သွေးကြောတွေမှာ သွေးခဲမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သွေးကြော ပိတ်ဆို့စေတဲ့ ကိုလက်စထရောအဆီကိုလည်းလျော့ နည်းစေပါတယ်။

– ကင်ဆာကို ကာကွယ်ပေးခြင်း
တိုဟူးမှာ ပါဝင်တဲ့ ဆီလီနီယမ်ဓာတ်ဟာ မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်တဲ့ အစွမ်းထက် အာနိသင်ပါရှိပါတယ်။ ဆီလီနီယမ်ဟာ အိုင်အိုဒင်းနဲ့တွဲပြီး သိုင်းရွိုက်ရဲ့ လုပ်ငန်းဆောင်တာကို ဟန်ချက်ညီအောင် ကူညီကာ DNA ကို ပြုပြင်ပေးတာကြောင့် ကင်ဆာမဖြစ်အောင် ကာ ကွယ်နိုင်တာ ဖြစ်ပါတယ်။ တိုဟူးမှာ ပါတဲ့ အိုက်ဆို ဖလေဗုန်းကြောင့် ရင်သားနဲ့ ဆီးကျိတ်ကင်ဆာတို့ ဖြစ်နိုင်တဲ့ အန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။

– သွေးဆုံးအကြိုဝေဒနာနှင့် သွေးဆုံးဝေဒနာများ ကို သက်သာစေခြင်း
တိုဟူးမှာပါတဲ့ အိုက်ဆိုဖလေဗုန်းဟာ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ သွေးဆုံးအကြိုဝေဒနာနဲ့ သွေးဆုံးဝေဒနာတွေ၊ အထူးသဖြင့် ချွေးထွက်လွန်ပြီး ပူနွေးတဲ့ ဝေဒနာကို သက်သာစေပါတယ်။

– မကောင်းသော ကိုလက်စထရော လျော့နည်း စေပြီး ကောင်းသော ကိုလက်စထရော တိုးစေခြင်း
တိုဟူးမှာပါတဲ့ အိုက်ဆိုဖလေဗုန်းကြောင့် သွေး တွင်းမကောင်းတဲ့ ကိုလက်စထရော LDL ကို လျော့ နည်းစေပြီး ကောင်းတဲ့ ကိုလက်စထရော HDL ကို တိုးစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top