Healthy Life Ad
International

မွေးဖွားချိန်မှာ ကိုယ်အလေးချိန် ၁ပေါင်ကျော်သာရှိတဲ့ ကလေးငယ်

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ ဆဗန်နာဆိုတဲ့ ကလေးငယ်ဟာ မွေးဖွားချိန်မှာ ကိုယ်အလေးချိန် ၁ပေါင်ကျော်သာရှိပြီး လက်ကလေးတွေက မိခင်ရဲ့လက်ထပ်လက်စွပ်ထက်တောင် သေးငယ်ကြပါတယ်။ မိခင်သွေးက အချင်းဆီ ချောချောမွေ့မွေ့မရောက်ရှိဘဲ ကလေးကြီးထွားနှုန်း ရပ်တန့်နေတာကြောင့် ကိုယ်ဝန် ၂၈ ပတ် သားအရောက်မှာ ကလေးအသက်ရှင်ဖို့ ခက်ခဲမယ်လို့ ဆရာဝန်တွေက ပြောပြခဲ့ပါတယ်။ နှစ်လစောပြီး မွေးဖွားလာခဲ့ကာ ကလေးငယ်ဟာ ကိုယ်တိုင်အသက်ရှူနိုင်ခဲ့တာကြောင့် အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ နောက်ထပ် ၁၁ပတ်ကြာအောင် ဆေးရုံအရေးပေါ်ကုသဆောင်မှာနေခဲ့ရပြီး အောက်ဆီဂျင် ပုံမှန်ပေးနေရပါတယ်။

ယခုအခါ ဆဗန်နာရဲ့ ကိုယ်အလေးချိန်ဟာ ၆ ပေါင်ကျော်အထိရှိလာခဲ့ပြီး ဆေးရုံမှဆင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ နောက်အပတ်မှာ အောက်ဆီဂျင်ပိုက်ဖြုတ်နိုင်၊ မဖြုတ်နိုင် ဆရာဝန်တွေက စစ်ဆေးပေးကြမယ်လို့ သိရပါတယ်။ မိခင်ဖြစ်သူက ခက်ခဲတဲ့ကာလအတွင်း ကူညီပေးခဲ့ကြတဲ့ ဆေးရုံတာဝန်ရှိသူတွေနဲ့ မိသားစုဆွေမျိုးမိတ်ဆွေတွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top