Healthy Life Ad
Q & A

သွားအကြောထုတ်ကုသပြီး အစွပ်စွပ်တဲ့အခါ …

မေး။ ။ သွားတစ်ချောင်းကို သွားအမြစ်ထုတ် (RTC) ကုသလိုက်ရင် အဲဒီသွားကိုအစွပ်စွပ်ဖို့ သွားကြွေ အထူ ဘယ်လောက်အထိကိရိယာနဲ့ စားပေးလိုက်ရသလဲ။
ဦးသန့်ဇင်၊ ကျောက်တံတား။

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။ သွားက ပိုးစားပြီး အကြောကို ပေါက်သွားလို့ရှိရင် သွားအကြောထုတ်ကုသမှု (RTC) ဆိုတာ လုပ်ရပါ တယ်။ သွားအကြောထုတ်တဲ့အခါ နဂိုသွားက ဘယ်လောက်ရှိသလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ သွားပိုးစားတာက ကုန်နေလို့ရှိရင် သွားအထူပမာဏက ကောင်းကောင်းမရှိနိုင်ပါဘူး။ ရိုးရိုးပိုးစားပြီး နက်သွားတယ်ဆိုရင်တော့ သွားရဲ့အထူပမာဏက နဂိုမူလအတိုင်းရှိပါတယ်။ အဲဒီအခါ သွားစွပ်မယ် ဆိုရင် အပေါ်သွားနဲ့ အောက်သွားထိတဲ့အခါ သွား အစွပ်ခံနိုင်ရည်ရှိဖို့၊ အပေါ်သွားနဲ့ အောက်သွား လွတ်နေဖို့ တိုက်ရပါတယ်။ အကြောထုတ်တယ်ဆို ရင် ကြွေသွားလွှာတွေ ကုန်သွားလည်း ကိစ္စမရှိဘူး။ သွားအနေနဲ့ ကျန်နေတဲ့အပြင် သွားအစွပ်စွပ်ထားတဲ့ အတွက် ခိုင်မာမှုရှိတာကြောင့် ထပ်ကွဲတာမျိုး မဖြစ်နိုင်တော့ဘူး။ အကြောပဲ ထုတ်ရုံထုတ်ပြီး စွပ်မထား ဘူးဆိုရင် သွားအကြောသေသွားတဲ့ သဘောရှိတယ်၊ အဲဒီအခါ သွားက နဂိုလိုသွေးသွားသွေးလာ မရှိတော့ဘူး။ အဲဒီအခါ အဲဒီသွားက နည်းနည်း ထိတာ နဲ့ ကွဲသွားတတ်တယ်။ အဲဒါကြောင့် သွားကို အစွပ် မစွပ်ဘဲထားလို့မရဘူး။ အဲဒီအတွက် သွားကိုအစွပ် စွပ်ဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top