Healthy Life Ad
Health Tips

လက်ရှိအရွယ်ထက် ပိုအိုမင်းစေနိုင်သည့် အစာများ

၊ ငွေကြယ်စင်ယံ ၊

ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးကောင်းဖို့နဲ့ အသားအရေ ကြည်လင်နုပျိုတောက်ပစေဖို့အတွက် လတ်ဆတ်တဲ့သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးဖို့လိုကြောင်း သင်သိပြီးဖြစ်မှာပါ။ အခုဖော်ပြမှာက သင့်အသားအရေကို အခုထက်ပိုပြီး အရွယ်မတိုင်ခင် အိုမင်းစေနိုင်တာကြောင့် ရှောင်ရှားသင့်တဲ့ အစာတွေ ဖြစ်ကြပါတယ်။

(၁) သကြား
အချိုစာတွေနဲ့ အခွံချွတ်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေက သွေးတွင်းသကြားဓာတ်အဆင့်ကို မြှင့်တင်ပေးပြီး အရေပြားရဲ့ ကော်လာဂျင်နဲ့ အီလက်စတင် ပြန်လည်တည်ဆောက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဆော်ဒါအချိုရည်နဲ့ တခြား အချိုရည်တွေဟာလည်း သကြားပါဝင်မှုများတဲ့ အရည်တွေဖြစ်လို့ ရှောင်သင့်ပါတယ်။

(၂) ပြည့်ဝဆီ
ပြည့်ဝဆီပါဝင်မှု မြင့်မားတဲ့ အစားအစာတွေက ရောင်ရမ်းမှုကို တိုးစေပြီး အသားအရေကို အိုမင်းစေနိုင်ပါတယ်။

(၃) အယ်လ်ကိုဟော
အရက်က ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်စေပြီး အရေပြားကို ခြောက်သွေ့နွမ်းခြောက်စေနိုင်ပါတယ်။ အသည်းကလည်း အယ်လ်ကိုဟောကို ချေဖျက်နေစဉ်မှာ အရေပြားအိုမင်းစေတဲ့ ဖရီးရယ်ဒီကယ်တွေ ထွက်လာစေပါတယ်။ တကယ်လို့ အရက်ကို ဆော်ဒါအချိုရည်နဲ့ ရောသောက်ရင် အယ်လ်ကိုဟောနဲ့ သကြားဓာတ်ကို ခန္ဓာကိုယ်က တစ်ပြိုင်နက်ရရှိစေတာကြောင့် အသားအရေကို နှစ်ဆတိုးပြီး ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top