Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချိုရှိခြင်း

မေး. ကိုယ်ဝန်ရှိချိန်မှာ ဆီးချိုရှိနေတာ .. ဆရာဝန်က ဆီးချိုဆေးတွေပေးတော့ သောက်ရတယ်၊ အဲ့ဒါ ခေါင်းမူးပြီး မထနိုင်ဘူး။ ဆက်သောက်ရမလား။ မသောက်ဘဲနေလို့ကော ရနိုင်ပါသလား။
အိနိုင် (FB)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ကိုယ်ဝန်ရှိချိန်မှာ လုံးဝမပေါ့ပါနဲ့။ ကလေးရဲ့ ခန္ဓာတည်ဆောက်ရေးမှာ တစ်ခုခုမှားသွားရင် တစ်သက်လုံး လူစဉ်မမီတဲ့ကလေးရနိုင်ပါတယ်။ မက်ဖော်မင်ကို ကိုယ်ဝန်ဆောင်မိခင်မှာသုံးနိုင်ပေမယ့် အကောင်းဆုံးကုထုံးက အင်ဆူလင်ပဲဖြစ်ပါတယ်။ သွေးချိုမထိန်းနိုင်ရင် အင်ဆူလင်အမြန်ဆုံးပြောင်းပါ။ ကိုယ်ဝန်ဆောင်မိခင်မှာ လျှော့ချရမယ့် သွေးချိုနှုန်းက သာမန်လူတွေထက်နိမ့်ရပါမယ်။ အထူးသတိပြုဖို့ လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top